BEC-TERO TV

လ္ဘက်သုပ်စားတာ ဇွန်းပျောက်နေလို့ ပရိသတ်တွေရဲ့စနောက်ခြင်းခံနေရတဲ့ မအေးသောင်း

31 Oct 2019     2,169 Views


မအေးသောင်းဆိုပြီး ပရိသတ်တွေရင်ထဲ တစ်ကျော့ပြန်ရောက်ရှိလာတဲ့ မအေးသောင်းကတော့ သုံးဆယ်ကျော်အရွယ် မမတစ်ယောက်ရဲ့ တည်ငြိမ်မှု၊ ရင့်ကျက်မှုတို့လွှမ်းခြုံနေသူတစ်ယောက်ဖြစ်ပြီး မဟာဆန်လွန်းတဲ့ မြန်မာ့အလှစစ်စစ်ကိုပိုင်ဆိုင်ထားတာကြောင့် ပုရိဿအပေါင်းရဲ့အသဲတစ်ခြမ်းကို အပိုင်သိမ်းထားတာပဲဖြစ်ပါတယ်။

အချစ်ရေးမှာလည်း အပျိုကြီးမမအဖြစ် အေးဆေးတည်ငြိမ်စွာဖြတ်သန်းနေသူဖြစ်တာကြောင့် ယောကျာ်းထုကြီးတစ်ရပ်လုံးက မမအေးသောင်းဆိုပြီး ဝန်းရံနေကြတာဖြစ်သလို အမျိုးသမီးထုကြီးကပါ ချစ်ခင်အားပေးနေရသူပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အနုပညာလောကထဲကို တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ သူမအတွက် ပထမဆုံးမှတ်တိုင်တစ်ခုဖြစ်တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်ရဲ့အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါတယ်။ မအေးသောင်းကတော့ လက်ရှိမှာ ကြော်ငြာရိုက်၊ ပွဲတက်တွေနဲ့ အနုပညာအလုပ်တွေကို အဆက်မပြတ်ပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ချစ်ရတဲ့ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်စေဖို့တော့ မအေးသောင်းက သူမရဲ့အလှပုံရိပ်တွေကို ချစ်စရာစာသားလေးတွေနဲ့အတူ ဖေ့စ်ဘွတ်ကနေ အမြဲမျှဝေပေးလေ့ရှိပါတယ်။

လတ်တလောမှာတော့ မအေးသောင်းက ကျိုက်ထီးရိုးဘုရားသွားပြီးအပြန် စားသောက်ဆိုင်တစ်ခုမှာဝင်စားရင်း အစားအသောက်တွေနဲ့အတူရိုက်ကူးထားတဲ့ သူမရဲ့ပုံလေးတွေကို ပရိသတ်ကြီးဆီဝေမျှခဲ့ပါတယ်။ ပုံတစ်ပုံမှာတော့ ဇွန်းကိုကိုင်ပြီး လ္ဘက်သုပ်စားနေဟန်ရိုက်ကူးထားပေမယ့် လက်ထဲမှာကိုင်ထားတဲ့ ဇွန်းရဲ့လက်ကိုင်ကပျောက်နေခဲ့ပြီး လ္ဘက်သုပ်တွေက လေပေါ်လွင့်နေတဲ့ပုံစံဖြစ်နေခဲ့ပါတယ်။

ဒါကို သတိပြုမိကြတဲ့ ပရိသတ်တွေကတော့ ဇွန်းပျံလား၊ Bluetooth ဇွန်းလား၊ Remax အသစ်ထပ်ထုတ်လိုက်တဲ့ စသဖြင့် စနောက်ထားကြတာကိုတွေ့ရပါတယ်။ မအေးသောင်းရဲ့ပုံထဲမှာ ဇွန်းပျောက်သွားရတဲ့အကြောင်းရင်းက Portrait mode ကြောင့်ပဲလား၊ Effect တွေကြောင့်ပဲလားဆိုတာကတော့ အဖြေရှာကြည့်လိုက်ကြပါဦးနော်….

 

(ပိုပိုလေး)


31 Oct 2019     2,169 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment