BEC-TERO TV

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ သမိုင်းအမွေအနှစ် အဆောက်အဦး မီးလောင်ပျက်စီး

31 Oct 2019     1,625 Views


ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ သမိုင်းအမွေအနှစ် ရဲတိုက်အဆောက်အဦး မီးလောင်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အဖိုးတန် သမိုင်ဝင် အဆောက်အဦးကြီးဟာ ဂျပန်နိုင်ငံ တောင်းဘက် အိုအီနာဝါ ကျွန်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

အဆိုပါ သမိုင်းဝင် ရဲတိုက်အဆောက်အဦးကြီးကို သစ်သားတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး နှစ်ပေါင်း (၅၀၀) ခန့်ကြာမြင့်ပြီလို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားကတည်းက ဒီအဆောက်အဦးကြီး မပျက်စီးဖို့အတွက် သေချာထိန်းသိမ်းလာခဲ့တာဖြစ်ပြီး အခုကျ မီးဘေးကြောင့် လောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။ အဆိုပါ အဆောက်အဦးကို (၁၀) နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး အခုထိတော့ ဒဏ်ရာရသူ တစ်ယာက်မှ မရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ အိုအီနာဝါ ရဲတိုက်အဆောက်အဦးကြီးမှာ ရှိတဲ့ Public University ဟာ ၁၉၇၀ ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး နိုင်ငံခြားသားတွေ သွားရောက်လည်ပတ်ချင်စရာကောင်းတဲ့ နေရာတစ်နေရာဖြစ်ပြီး အခုလို့ ပျက်စီးသွားရတာကြောင့် များစွာ နစ်နာဆုံးရှုံးရပါတယ်။ အခုလိုပျက်စီးသွားတဲ့အတွက် ဂျပန်ဝန်ကြီးက ဗိသုကာ ပညာရှင်တွေနဲ့ ၊ အဆောက်အဦး ဒီဇိုင်းပညာရှင်တွေနဲ့ ပြန်လည်တည်ဆာက်သွားမယ်လို့ ဆိုပါတယ်။

အခုလို သမိုင်းဝင် ရဲတိုက်အဆာက်အဦးကြီး ပျက်စီးရတာကြောင့် အသက် ၈၄ နှစ်အရွယ်အဖိုးအို တစ်ဦးက ‘အရမ်းကို ဘာပြောရမှန်းမသိအောင်ကို အရမ်း ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဘုရားသခင် အလိုဆန္ဒပဲလေ  ’ လို့ပြောပါတယ်။

အိုအီနာဝါ Tourism site အဆိုအရ ဒီအဆာက်အဦး ရဲတိုက်ကြီးဟာ ရူကူမင်းဆက်ကနေ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် အထိ စစ်ဒဏ်ကြောင့် ၃ ကြိမ် ပြိုကျပျက်စီးခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီ ရဲတိုက်အဆောက်အဦးဟာ အခုလိုမပျက်စီးချိန်အထိ အိုကီနာဝါမှာ သစ်သားဖြင့်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေထဲ့မှာ အကြီးဆုံးလို့ သိရပါတယ်။


31 Oct 2019     1,625 Views




RELATED

Most Popular of International News

Most Popular of NEWS