အင်္ဂလိပ်လို ပြောတတ်ချင်ရင် Myanmar Idol ကြည့်ပါ
01 Nov 2019 2,346 Views

Myanmar Idol သမိုင်းတစ်လျှောက်လုံးမှာ ပွဲအကြပ်ဆုံး၊ အကောင်းဆုံး ပြိုင်ပွဲဝင်တွေချည်းပဲ စုစည်းနေတယ်လို့ ပြောလို့ရတဲ့ Season 4 ရဲ့ ပွဲဦးထွက် First Live ကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ ရုပ်မြင်သံကြားကရော အွန်လိုင်းကပါ ပြည့်လျှံနေအောင် အားပေးခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။
ပြိုင်ပွဲဝင် ၁၁ ယောက်စလုံးဟာ ပရော်ဖက်ရှင်နယ်လ်တွေလို သီဆိုယှဉ်ပြိုင်ခဲ့တဲ့အတွက် ပရိသတ်တွေ Myanmar Idol ကို အားပေးရကြိုးနပ်ခဲ့ပါတယ်။ ဒါ့အပြင်နောက်ထပ် ပရိသတ်တွေအတွက် ပိုပြီးအကြိုးရှိစေခဲ့တာကတော့ Myanmar Idol ကြည့်ရင်း အင်္ဂလိပ်စာတိုးတက်အောင် သင်ယူလို့ရနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလို သီချင်းနားထောင်ရင်း အင်္ဂလိပ်စာ လေ့လာနိုင်မယ့် အခွင့်အရေးမျိုးက Myanmar Idol အစီစဉ်တစ်ခုထဲမှာသာရနိုင်ပါတယ်။ အဲဒီအတွက် International အဆင့််မီတဲ့ ဒိုင်တွေအားလုံးကိုလည်း ပရိသတ်တွေကလည်း ကျေးဇူးတင်နေကြမှာပါ။
ဒါကြောင့် အပတ်စဉ် ကြာသပတေးနဲ့ သောကြာနေ့ ည ၉ နာရီ Channel 9 မှာ ထုတ်လွှင့်တဲ့ Myanmar Idol အစီစဉ်ကို သီချင်းကြိုက်လို့ဖြစ်စေ အင်္ဂလိပ်ဘာသာစကားတိုးတက်ချင်လို့ဖြစ်စေ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။





