BEC-TERO TV

ဒိုင်တွေနဲ ကြည့်နေသူတွေပါအပျော်တွေကူးစက်စေခဲ့တဲ့ Esther ရဲ့ သီဆိုမှု

01 Nov 2019     1,773 Views


မနေ့ည က မြန်မာအိုင်ဒေါ Season 4 ရဲ့Top Finalist (11) ယောက်ရဲ့  သီဆိုယှဉ်ပြိုင်မှုတွေကို  မြင်တွေခဲ့ရပြီး ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် (၁၁) ယောက်လုံးအကောင်းဆုံး သီဆိုသွားနိုင်ခဲ့ပြီး ထို့အထဲ့မှာ ပြိုင်ပွဲဝင် ဖြစ်တဲ့ Esther ရဲ့ သီဆိုမှုဟာ ပရိတ်သတ် တွေနဲ့ ဒိုင်တွေကို အပျော်တွေ ကူးစက်သွားစေခဲ့ပါတယ်။

Esther ဟာ တချိန်က နာမည်ကျော် အဆိုတော် ချောစုခင် ရဲ့ ‘ကိုယ့်အတွက် အိပ်မက် မင်းမက်လား’ဆိုတဲ့ သီချင်းနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ သီချင်းကို ဗားရှင်းအနည်းငယ် ပြောင်းထားပြီး Esther ရဲ့ မြူးမြူးကြွကြွ သီဆိုမှုဟာ ဒိုင်တွေ နဲ့ ကြည့်နေသူတွေပါ ပျော်ရွင်စေခဲ့ပါတယ်။

ဒိုင်ဖြစ်သူ မတင်ဇာမော်ကလည်း ‘ Estherဟာ သီချင်းကိုကောင်းကောင်းဆိုတတ်တဲ့ သူဖြစ်တယ်၊ သမီးက အသံကထူးခြားပြီး ကြားရတဲ့သူကို ဆွဲဆောင်နိုင်တဲ့ အသံလည်းရှိတယ်၊ သမီးက ဒီထက်ခက်တဲ့ သီချင်းတွေကိုလည်း ဆိုနိုင်သေးတယ် ၊ ဒိလိုမျိုး အကြွသီချင်း ဆိုရင် တချို့တွေက ဒုက္ခရောက်လေ့ရှိပြီး၊ ဒါကိုလည်း သမီးက ဒုက္ခ မရောက်ဘူး။ အမတောင် စင်ပေါ်တက် ဆိုချင်လောက်အာင်ဖြစ်တယ်  ’ လို့ချီးကျူး သွားခဲ့ပါတယ်။

 ဒိုင်တွေဖြစ်ကြတဲ့ ဆရာ အောင်ကိုလတ် ၊ မတင်ဇာမော်တို့လည်း ပြောစရာမရှိလောက်အောင် ရေရေလည်လည် ကောင်းတယ်လို့ ချီးကျူးပြောဆိုခဲ့ကြပြီး Vote တွေအများကြီးရဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်တွေရဲ Voting Result ကိုတော့ ယနေ့ညမှာ သိရမှာဖြစ်ပြီး ဘယ်သူတွေက အိမ်ကိုပြန်သွားရမလဲ..၊ ဘယ်သူတွေက Bottom 3 မှာထိုင်ရမလဲ..။ ဘယ်သူတွေက နောက်တစ်ဆင့်ကို တက်ရောက်သွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Esther ရဲ့ ‘ကိုယ့်အတွက် အိပ်မက် မင်းမက်လား’

 

 


01 Nov 2019     1,773 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment