BEC-TERO TV

နေမာကို ပြန်ခေါ်မယ်ဆိုရင် သူ့အတွက် လစာငွေ စိုက်ပေးဖို့အသင့်ရှိကြောင့် ပီကေးဆို

01 Nov 2019     1,423 Views


ဘာစီလိုနာအသင်း နောက်ခံလူပီကေးဟာ အသင်းဖော်ဟောင်း နေမာကို ပြန်လည်ခေါ်ယူမယ်ဆိုပါက နေမာလစာအတွက် မိမိဆီလ လစာငွေထဲ့ကနေ စိုက်ထုတ်ပေးနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ တချိန်က ဘာစီလိုနာအသင်းကို ထွက်ခွာသွားခဲ့ပေမယ့် သူကိုစိတ်ဆိုးခြင်းမရှိဘဲ အသင်းမှာ ပြန်လာဖို့ ကြိုဆိုနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပီကေးက "ကျွန်တော်တို့အသင်းက နေမာသာ ပြန်လာချင်တယ်ဆိုရင် အမြဲကြိုဆိုနေမှာပါ။ ပြဿနာက ကျွန်တော်တို့အသင်းက ငွေအများကြီး ထပ်မသုံးနိုင်ဘူး။ ကျွန်တော်တို့က နေမာကို ဘာကြောင့် ပြန်မခေါ်နိုင်တာလဲလို့ အသင်းဥက္ကဋ္ဌကို မေးတဲ့အခါမှာလည်း သူက UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက်လို့ ပြောပါတယ်။

ကျွန်တော်တို့က နေမာကို ပြန်ခေါ်ချင်တယ်ဆိုရင် လစာငွေထဲကနေ သူအတွက် စိုက်ပေးနိုင်ပါတယ်။ ကျွန်တော်လစာထဲ့က လျှော့ပြီး သူအတွက် စိုက်ပေးနို်ငဖို့အဆင့်သင့်ပဲ  ”လို့ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဒီဂျောင်ကို ပေါင် ၆၅ သန်း နဲ့ ၊ ဂရင်းစမန်းကို ပေါင် ၁၀၇ သန်းဖြင့်ခေါ်ယူထားပြီး ဖြစ်ပါတယ်။

Ref; skysports


01 Nov 2019     1,423 Views




RELATED

Most Popular of Football

Most Popular of Sport