BEC-TERO TV

နေအိမ်နဲ့အတူ သားအဖ(၄)ဦး ချောက်ကမ်းပါးကြီးထဲပြုတ်ကျသေဆုံး (ရုပ်သံ)

04 Nov 2019     1,758 Views


ဖခင်တစ်ဦးနှင့် အသက် ၁၀ နှစ်အောက် ကလေးငယ်သုံးဦးတို့ နေအိမ်ထဲတွင်ရှိနေစဉ် ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်နဲ့အတူ ၄ ဦးစလုံး ချောက်ကမ်းပါးကြီးထဲ ပြုတ်ကျကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၁ ရက်နေ့က ဂွာတီမာလာနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

ဂွာတီမာလာ အနောက်မြောက်ပိုင်းရှိ အာဂွာကာတန်စီရင်စုရှိ မက္ကဆီကို နယ်စပ်အနီးရှိ ကျေးရွာတစ်ရွာတွင် အဆိုပါနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည်။ အာဏာပိုင်တွေရဲ့အဆိုအရ မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် အဆိုပါနေရာရှိမြေကြီးများ မာကျောမောအဆင့်နည်းပါးကာ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိသားစု ၆ ဦးနေထိုင်သော အဆိုပါနေအိမ်တွင် ဇနီးဖြစ်သူနဲ့ အကြီးဆုံးသားတို့သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး အသက် ၃၉ နှစ်အရွယ် ဖခင်ဖြစ်တဲ့ ‘ဖရန်ဆစ္စကို မီဂျာလက်စ်’ နဲ့ အသက် ၁၀ နှစ်၊ ၆ နှစ် နဲ့ ၃ နှစ်အရွယ် ကလေး ၃ ဦးတို့ အိမ်ထဲမှာ ရှိနေစဉ် မြေပြိုကျခဲ့ပြီး ချောက်ထဲ ပြုတ်ကျခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်တွင် သားအကြီးဆုံးနဲ့ ဇနီးဖြစ်သူတို့က နံနက်စာအတွက် အိမ်အပြင်ဘက်တွင် ပြောင်းဖူးကြိတ်နေခဲ့သဖြင့် အသက်မသေပဲ ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရိုးကျိုးဒဏ်ရာများစွာ ရရှိထားပြီး အသက်အန္တရာယ်ရှိ၊ မရှိကိုတော့ မသိရှိရသေးပါဘူး။

အဆိုပါမြေပြိုသည့် ကြောက်စရာကောင်းတဲ့ ရုပ်သံအွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

သေဆုံးသွားသူတွေအတွက် နားရေးကုန်ကျစရိတ်အတွက် အလှုငွေတွေကို ဒေသခံတွေနဲ့ အိမ်နီးချင်းတွေက ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

 


04 Nov 2019     1,758 Views




RELATED

Most Popular of International News

Most Popular of NEWS