BEC-TERO TV

ခြေကျင်းဝတ်လည်သွားခဲ့ပြီး ခြေထောက်ကျိုးသွားသည်အထိ ဒဏ်ရာရရှိခဲ့တဲ့ ဂိုးမက်စ်

04 Nov 2019     1,372 Views


မနေ့ညက ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အဲဗာတန်အသင်းနှင့် စပါးအသင်းတို့ ၁-၁ သရေကျတဲ့ ပွဲစဉ်မှာ အဲဗာတန်အသင်းကွင်းလယ်လူ ဂိုးမက်စ်ဟာ စပါးတာင်ပံကစားသမား ဆွန်ဟောင်မင်နဲ့ ထိမိခိုက်မိဖြစ်ခဲ့မိပြီး ခြေကျင်းဝတ်လည်သွားခဲ့ပြီး ခြေထောက်ကျိုးသွားသည် အထိ ဒဏ်ရာရရှိခဲ့ပါတယ်။

ဂိုးမက်စ်သည် ပွဲချိန် (၇၉)မိနစ်တွင် ဘောလုံးဆွဲယူပြီး ရှေ့ကို ပြေးနေစဉ်မှာ ဆွန်ဟောင်မင်က လိုက်လံဖျက်ထုတ်ရာမှာ လဲကျသွားခဲ့ပြီး စပါးနောက်ခံလူ အော်ဒီယာ နဲ့ထပ်မံထိခိုက်ကာ အခုလို ခြေထောက်ကျိုးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ဒဏ်ရာဖြစ်နေချိန်မှာ ဂိုးမက်စ်ဟာ အလွန်ပြင်ထန်စွာရရှိခဲ့တာကြောင့် ကွင်းတွင်းမှာ အော်နေရတဲ့အထိဖြစ်ခဲ့ပါတယ်။ ကွင်းအတွင်း ကစားသမားတွေဟာ ဂိုးမက်စ်ရဲ့ ဒဏ်ရာကို မြင်တွေ့ခဲ့ပြီးနောက် အလွန်စိုးရိမ်နေခဲ့ကြပါတယ်။ထို့နောက် ကွင်းအတွင်းမှာ ၇ မိနစ်ခန့် ဆေးကုသမှု ခံယူခဲ့ပြီး ဆေးရုံသို့ တခါတည်း ပို့ဆောင်ခဲ့ရပါတယ်။

 

အခုလို ဖြစ်ထုတ်မှုကျူးလွန်ခဲ့တဲ့ ဆွန်ဟောင်မင်ကို ဒိုင်က အနီကဒ်ပြား ထုတ်ပယ်ခဲ့ပြီး ဆွန်ဟောင်မင်ကိုယ်တိုင်လည်း သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး မျက်ရည်များ စီးကျကာ ကွင်းအတွင်းက ထွက်သွားခဲ့ပါတယ်။

ဆွန်ဟောင်မင် အသင်းဖော် ဒယ်လီအယ်လီကလည်း  “ဒဏ်ရာကို ကျွန်တော်ဖြင့် သေချာတာမကြည့်ရဲပါဘူး။ ဆွန်တစ်ယောက်လည်း သူကြောင့်ဖြစ်ရတယ်ဆိုပြီး အလွန်ခံစားနေရပါတယ်။ အခုထိလည်း ငိုနေတုန်းပါပဲ..။ သူအမှားကြီးလို့တော့ ပြောလို့မရပါဘူး။ ဖျက်ထုတ်မှုက သာမန်သာဖြစ်ပေမယ့် မတော်မဆဖြစ်သွားခဲ့တဲ့အရာပါ။ ဂိုးမက်စ် တစ်ယောက် အမြန်ဆုံး ပြန်ကောင်းပါစေ လို့ ဆုတောင်းပေးပါတယ် ” လို့ ပြောကြားခဲပါတယ်။

 


04 Nov 2019     1,372 Views




RELATED

Most Popular of Football

Most Popular of NEWS