BEC-TERO TV

ဆိုရှယ်မှာ လူကြည့်များနေတဲ့ မိုရီနိုရဲ့ ကင်းမီးကောက်ထောင် ဘောလုံးဖြတ်ထုတ်မှု

04 Nov 2019     1,754 Views


မနေ့က ညနေပိုင်းက ဗီလာရီးရဲလ်အသင်းနဲ့ ဘီဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ဗီလာရီးရဲလ်နောက်ခံလူ လီဗာပူးလ်နောက်ခံလူဟောင်း ရော်ဘတ်တို မိုရီနိုဟာ  ရယ်စရာကောင်းတဲ့ ဘောလုံးရှင်းထုတ်မှု ပြုလုပ်ခဲ့ပြီး အွန်လိုင်းပေါ်မှာ ကြည့်ရူသူ အများကြီးရှိခဲ့ပါတယ်။

မိုရီနိုဟာ ၂၀၁၄ ခုနှစ် လီဗာပူးလ်အသင်းကို ပြောင်းရွေ့ခဲ့တာဖြစ်ပြီး သူရဲ့ ရူးရူးမိုက်မိုက် အမှားတွေ ကျူးလွန်မှုတွေကြောင့် အင်္ဂလန်မှာတော့ ပိန်းတိန်းတိန်း နောက်ခံလူတစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့တဲ့ သူဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ်အသင်းကို အလွတ်ပြောင်းရွေ့ကြေးဖြင့် ပြောင်းရွေ့ခဲ့ပြီး မနေ့ကပွဲမှာ ထူးထူးဆန်းဆန်း ဖျက်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ တစ်ဖက်အသင်းဆီက လာတဲ့ဘောလုံးကို လေပေါ်မှာတင် ကင်မီးကောက်ထောင်ကာ ဖျက်ထုတ်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကို  footy Humour တွက်တာ စာမျက်နှာမှာ တင်ခဲ့ပြီး ကြည့်ရှူသူ (၂) သန်းနီးပါးရှိခဲ့ပါတယ်။

ဒါကြောင့် သူကို ဆိုရှယ် မီဒီယာမှာ စပိန်မှာ မိုရီနိုတစ်ယောက် ရူးမိုက်တဲ့ ဖျက်ထုတ်မှုတွေ လုပ်နေတုန်းပဲ လို့ ဟာသ လုပ်ပြောဆိုခဲ့ကြပါတယ်။ အဆိုပါပွဲမှာတော တစ်ဖက်မှ ဂိုးသွင်းယူနိင်ခဲ့ခြင်းမရှိဘဲ ၀-၀ ဖြင့်ပြီးဆုံးခဲ့ပါတယ်။


04 Nov 2019     1,754 Views




RELATED

Most Popular of Football

Most Popular of Sport