‘ဘယ်တော့စားရမလဲ’မေးနေကြသူတွေကို Date တစ်ခုအတိအကျပေးလိုက်တဲ့ နေခြည်ဦး
04 Nov 2019 1,616 Views

Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေနဲ့စတင်ထိတွေ့ခဲ့ပေမယ့် လက်ရှိမှာတော့ ဆိုရှယ်မီဒီယာတစ်ခွင် အောင်မြင်ကျော်ကြားမှုအများဆုံး အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာကိုရရှိပိုင်ဆိုင်ထားသူပါ။ နေခြည်ဦးက သူမရဲ့နေထိုင်ဖြစ်သန်းမှုဘ၀ပုံစံကို အရှိကိုအရှိတိုင်းပွင့်လင်းစွာ ထုတ်ဖော်ပြသတတ်သူဖြစ်ပြီး အမြဲတမ်းပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာပြုံးရယ်နေတတ်သူလဲဖြစ်ပါတယ်။ ဒါ့ကလဲ သူမကိုအချစ်ပိုစေရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
အနုပညာအလုပ်တွေကို အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်နေပေမယ့် အချစ်ရေးမှာတော့ သိပ်မကြာခင်ကပင် ချစ်သူနဲ့လမ်းခွဲပြီး Single ဘ၀နဲ့ဖြတ်သန်းနေသူဖြစ်ပါတယ်။ အပျိုကြီးမမစာရင်းဝင်မဟုတ်သေးပေမယ့် မသိမသာ အသက် (၃၀) နားချဉ်းကပ်လာပြီဖြစ်တဲ့နေခြည်ဦးကိုတော့ ခင်မင်ရင်းနှီးသူ၊ ချစ်ရသူတွေက ထုံးစံအတိုင်းသီတင်းကျွတ်ပြီဆိုတော့ ဘယ်တော့စားရမှာလဲလို့ စနောက်မေးမြန်းခဲ့ကြပါတယ်။
ထိုသို့မေးမြန်းကြတဲ့သူတွေကို ချီချီက Date တစ်ခုကို အတိအကျပေးလိုက်ပါတယ်။ ချီချီက “ဘယ်တော့စားရမလဲဆိုတော့ ၂၀၂၀ January ၂၅ ရက်နေ့” လို့ Date တစ်ခုကို အတိအကျပေးလိုက်ပါတယ်။
သူမပေးလိုက်တဲ့ နေ့စွဲကတော့ လာမယ့် ၂၀၂၀ ဇန်နဝါရီလမှာကျရောက်မယ့် သူမရဲ့မွေးနေ့ရက်လေးဖြစ်ပါတယ်။ မွေးနေ့ရက်မှာမုန့်တွေကျွေးမှာမို့ ဘယ်တော့စားရမလဲမေးနေသူတွေကို အဲ့နေ့မှာလာစားလို့ ဖိတ်ခေါ်လိုက်တာပါ။ ချီချီက “အဲ့ဒါမွေးနေ့ပဲ အဲ့နေ့ကျွေးမယ် လာစား” ဆိုပြီး ပျော်စရာအဖြစ်စနောက်လိုက်တာပဲဖြစ်ပါတယ်။
(ပိုပိုလေး)