BEC-TERO TV

မိန်းမမရတော့ဘူးလို့ ထင်ထားပြီး တစ်ကယ်လည်း လက်ထပ်ရရော အရူးတစ်ပိုင်းဖြစ် (ရုပ်သံ)

04 Nov 2019     2,041 Views


သူငယ်ချင်းတွေ့ရဲ့ မင်္ဂလာပွဲတွေကို (၇)ကြိမ်မြောက် သတို့သားအရံအဖြစ် ကူညီခဲ့ပြီးနောက် မိန်းမ ရမှာမဟုတ်တော့ပါဘူးလို့ ထင်ထားတဲ့ သူ့အဖြစ်ကို တွေးမိပြီး စိတ်မထိန်းနိုင်ပဲ သူ့ရဲ့မင်္ဂလာပွဲအခမ်းအနားမှာ ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင်ငင်ငိုချလိုက်တဲ့ သတို့သားရဲ့ ရုပ်သံဟာ အွန်လိုင်းပေါ်မှာ လျှပ်စီးလက်သလို တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါတယ်။

ကျွန်တော် စိတ်မထိန်းနိုင်တော့လို့ပါ” လို့ ငိုသံပါကြီးနဲ့ ကလေးတစ်ယောက်လို ပြောနေတာကိုတွေ့ရပါတယ်။ “ကျွန်တော့်အတွက် မင်္ဂလာဆောင်ဖို့ဆိုတာ အရမ်းကို ခက်ခဲခဲ့တာပါ” လို့ ငိုကြွေးရင်းကနေ ပြောနေပါတယ်။ သူ့ရဲ့ဘေးနားမှာ ထိုင်နေတဲ့ သတို့သမီးကတော့ သူ့ကို ပြုံးကြည်နေ့ကာ မျက်ရည်တွေကို ပုဝါနဲ့ သုတ်ပေးနေတာကိုလည်း တွေ့ရပါတယ်။

ကျွန်တော်က သူငယ်ချင်းတွေ မင်္ဂလာဆောင်တိုင်း သတို့သားအရံအနေနဲ့ ၇ ခါတောင်လုပ်ခဲ့ရတာ။ အခုတော့ ကျွန်တော်တစ်ကယ် လက်ထပ်ရပြီပေါ့၊ ကျွန်တော့်သူငယ်ချင်းတွေလိုပဲ နောက်ဆုံးတော့ ကျွန်တော် တစ်ကယ်မိန်းမရပြီပေါ့” ဟု ဝမ်းသာဝမ်းနဲ ငိုသံပါကြီးနဲ့ ပြောဆိုနေပါတော့တယ်။

သတို့သားဟာ အသက် ၃၀ အရွယ် တရုတ်နိုင်ငံ ဖူရန်းက အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်ပါတယ်။ နောက်ဆုံးတော့ သူ့အတွက် ပြီးပြည့်စုံတဲ့ သတို့သမီးလေးတစ်ယောက်နဲ့ လက်ထပ်ခွင့်ရလို့ အရူးတစ်ပိုင်း ပျော်နေတဲ့ ရုပ်သံက တရုတ်လူမှုကွန်ယက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။


04 Nov 2019     2,041 Views




RELATED

Most Popular of Special or Others

Most Popular of NEWS