BEC-TERO TV

တိပ်ပတ်ထားတဲ့ ဖုန်းကြိုးမှတစ်ဆင့် ဓါတ်လိုက်ပြီး ၁၇ နှစ်သမီး သေဆုံး

05 Nov 2019     1,494 Views


ဖုန်းကြိုးတွေ ပေါက်နေလို့ တိပ်ပတ်ထားပြီး ဆက်သုံးနေကြတဲ့ သူတွေရှိရင် ကိုယ်ဟာ အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းမှာ စက္ကန့်တိုင်း ရှိနေတယ်ဆိုတာကို သတိထားမိစေချင်ပါတယ်။ ဖုန်းအားသွင်းကြိုး အသစ်ဝယ်ဖို့ စျေးကြီးတယ်ဆိုတာ မှန်ပေမယ့် ကိုယ့်ရဲ့အသက်လောက်တော့ ဘယ်အရာကမှ တန်ဖိုးပိုမကြီးပါဘူး။

ထိုင်းနိုင်ငံ ချိုင်ရာဖန်စီရင်စုမှ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးဟာ ဖုန်းအားသွင်းကြိုးကတစ်ဆင့် ဓါတ်လိုက်ပြီး သေဆုံးသွားခဲ့ရပါတယ်။ သူ့ရဲ့ဖုန်းအားသွင်းကြိုးဟာ ဟိုဘက်ထိပ် သည်ဘက်ထိပ် နှစ်စလုံးမှာ ရာဘာခွံပေါက်နေတဲ့အတွက် မီးတိပ်ခွေအမဲရောင် သုံးပြီး ဖာထားတာကို တွေ့ရပါတယ်။

“နောင်ရင်း” လို့ အမည်ရတဲ့ ဆယ်ကျော်သက် မိန်းကလေးဟာ လူတိုင်းလုပ်လေ့ရှိတဲ့ အမှားမျိုးကို ကျူးလွန်ခဲ့တာပါ၊ ဝါယာကြိုးပေါက်နေတဲ့ အားသွင်းကြိုးကို တိပ်ပတ်ကာ ဆက်သုံးနေပြီး ၎င်းအားသွင်းကြိုးနဲ့ပဲ ဖုံးကို အိပ်ယာခြေရင်းမှာ တစ်ညလုံး အားသွင်းထားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ တိပ်ပတ်ထားတဲ့နေရာက ထပ်မံပေါက်ပြဲပြီး သူမအိပ်နေသော သံကုတင်နဲ့ ထိကာ လျှပ်ကူးပြီး ဓါတ်လိုက်သေဆုံးခဲ့ပါတယ်။

သေဆုံးသူရဲ့ မိခင်က နောက်တစ်နေ့နံနက်မှာ သမီးကို အိပ်ယာထက်မှာ လဲလျောင်းလျှက်တွေ့ရတဲ့အတွက် သောကြာနေညက အပြင်ကနေပြန်လာတာ နောက်ကျလို့ အိပ်ပျော်နေတုန်းလို့ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သမီးရဲ့ ခန္ဓာကိုယ်ကို ထိလိုက်တဲ့အခါ ဓါတ်လိုက်သလို ပါးပါးလေး ခံစားလိုက်ရတာကြောင့် မီးပလပ်တွေကို ပိတ်လိုက်ပြီး သမီးကို ကြည့်လိုက်တဲ့အခါ သေဆုံးနေပြီဆိုတာ သိလိုက်ရပါတယ်။

အလောင်းကို စစ်ဆေးချက်အရ ခန္ဓာကိုယ်မှာ အပူလောင်ဒဏ်ရာအချို့တွေ့ရပြီး ဓါတ်လိုက်ပြီးသေဆုံးတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

ပေါက်ပြဲနေတဲ့ ဖုန်းအားသွင်းကြိုးတွေကို ဆက်မသုံးပဲ အသစ်လဲကြဖို့ ပိုပိုလေးကနေ ထပ်လောင်း သတိပေးလိုက်ပါရစေ။


05 Nov 2019     1,494 Views




RELATED

Most Popular of Special or Others

Most Popular of NEWS