လွန်ခဲ့တဲ့ ၁၀ နှစ်က အလှတရားတွေကို ပရိတ်သတ်နဲ့အတူ ပြန်လည်ဝေမျှလိုက်တဲ့ ဆောင်းဟယ်ကျို
05 Nov 2019 1,736 Views

မြန်မာပရိတ်သတ်တွေရဲ့ အသည်းဦးလို့ တင်စားခေါ်ဝေါ်ရမယ့် သရုပ်ဆောင် ဆောင်းဟယ်ကျိုဟာ သူမရဲ့ လူမှုကွန်ယက် အင်စတာဂရမ်ကနေ လွန်ခဲ့တဲ့ ၁၀ နှစ်က ဓာတ်ပုံတစ်ပုံကို ပရိတ်သတ်နဲ့အတူ ပြန်လည်ဝေမျှခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ နုပျိုလှပနေတဲ့ ဆောင်းဟယ်ကျိုကို မြင်တွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ Kyo ၂၀၀၉ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ W Korea Magazine ရဲ့ ကာဗာဖိုတိုပဲဖြစ်ပါတယ်။ Kyo ဟာ ဒီပုံထဲမှာ ဆံပင်အတို ပုံစံနဲ့ ဆယ်ကျော်သက်လေးလို နုပျိုလန်းဆန်းနေခဲ့တာပါ။
.jpg)
.jpg)
Kyo တင်ထားတဲ့ ဓာတ်ပုံကို မြင်တဲ့ သရုပ်ဆောင် Song Yoon Ah နဲ့ Park Sol Mi တို့က ပုံကို like လုပ်ခဲ့ကြပြီး Park Sol Mi က “အသည်းပုံကို ဘယ်နှစ်ခါနှိပ်မိနေမှန်းကိုမသိတော့ပါဘူး” ဆိုပြီး ကော်မန့်မှာရေးသားခဲ့ပါတယ်။ Park Sol Mi လိုပဲ Kyo ရဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကဓာတ်ပုံအောက်မှာ ပရိတ်သတ်တစ်ဦးက “မင်းဟာ အရင်တုန်းကလည်းလှတယ် ခုထိလည်း လှပနေဆဲပါပဲ” ဆိုပြီးရေးသားထားကြပါတယ်။
.jpg)
Ref:koreaboo
(ပိုပိုလေး)







