BEC-TERO TV

ဦးပဉ္ဇင်းခံယူပြီး အေးချမ်းတဲ့သာသနာ့ဘောင်ထဲဝင်ရောက်သွားတဲ့ သူရိယ

06 Nov 2019     1,990 Views


သရုပ်ဆောင်သူရိယကိုတော့ ပရိသတ်တွေက ငယ်စဉ်ကတည်းက စတင်ရင်းနှီးခဲ့ကြတာပါ။ အရင်က TV တွေမှာ ခဏခဏလာဖူးတဲ့ စိန်ဘယက်ကြော်ငြာထဲက ကောင်လေးအဖြစ်စတင်သိခဲ့ကြပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ အနုပညာလောကထဲ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်ရဲ့အားပေးမှုတွေကိုရရှိခဲ့သူပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သရုပ်ဆောင်ဆုအိမ့်စံနဲ့ ချစ်သူရည်းစားတွေဖြစ်ပြီးနောက် လိုက်ဖက်ညီပြီးရိုနိုင်လွန်းတဲ့သူတို့အတွဲလေးက အများကြားမှာပိုမိုထင်ပေါ်လာသလို ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်လာတာပါ။ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အမြဲလိုလိုရိုနေတာကြောင့် သူတို့အတွဲလေးကို မနာလိုအားကျခဲ့ရသည်အထိပါ။

ချစ်သူသက်တမ်း ၂ နှစ်ကျော်မှာ တစ်ဘ၀လုံးရွှေလက်တွဲသွားဖို့ရည်ရွယ်ချက်နဲ့ စေ့စမ်ကြောင်းလမ်းပြီး လက်ထပ်ဖို့ထိပြင်ဆင်ခဲ့ကြပေမယ့် သူရိယဘက်မှ ဆုအိမ့်စံနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ထိုသတင်းကြောင့် ပရိသတ်တွေအားလုံးလဲ အံ့ဩမှင်သက်ခဲ့ရပြီး သူရိယရဲ့လုပ်ရပ်ကို ဝိုင်းဝန်ပြစ်တင် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဆုအိမ့်စံမှလဲ သူ့ကိုတစ်ဖက်သတ်လမ်းခွဲခဲ့တဲ့ သူရိယကို ဥပဒေကြောင်းအရ တရားစွဲဆိုမယ်လို့ အသိပေးခဲ့ပါတယ်။

ထိုသို့သော ကိစ္စရပ်တွေဖြစ်ပျက်ပြီးနောက် မနေ့က နိုဝင်ဘာလ (၅) ရက်နေ့မှာတော့ သရုပ်ဆောင်သူရိယတစ်ယောက် သာသနာ့ဘောင်အတွင်းသို့ ခေတ္တဝင်ရောက်သွားပြီလို့သိရပါတယ်။ အေးချမ်းတဲ့သာသနာ့ရိပ်မှာ တရားဓမ္မများရှာဖွေနိုင်ဖို့ ဦးပဉ္ဇင်း နာယကအဖြစ်ခံယူသွားတာဖြစ်ပါတယ်။   

တည်ငြိမ်အေးချမ်းစွာနဲ့ ဦးပဉ္ဖင်းနာယကအဖြစ်ခံယူသွားတဲ့ မှတ်တမ်းဗီဒီယိုဖိုင်လေးကိုပါ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


06 Nov 2019     1,990 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment