BEC-TERO TV

အသက်အရွယ်ကြီးလာတော့ ဘိုးဘွာရိပ်သာရောက်ခဲ့ရတဲ့ ဦးဝင်းနိုင် (အနုပညာ)

06 Nov 2019     2,159 Views


မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်ကြီးက လေးစားတန်ဖိုးထားရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သူ ဝါရင့်လူရွှင်တော်သရုပ်ဆောင်ကြီးဖြစ်တဲ့ ဦးဝင်းနိုင်(အနုပညာ) ကတော့ တစ်ချိန်က ရုပ်ရှင်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အနုပညာအရည်အချင်းတွေကို ပရိသတ်တွေကိုထုတ်ပြခဲ့သူပါ။ စိတ်ရောကိုယ်ပါနှစ်ပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း အပြည့်အ၀ရရှိထားသူပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေးပါမကောင်းတာကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရပေမယ့် ချစ်တဲ့ပရိသတ်တွေကတော့ ဦးဝင်းနိုင်ကို ယခုချိန်ထိအားပေးနေကြဆဲပါ။ လက်ရှိမှာ ဦးဝင်းနိုင်ဟာ လေဖြတ်ရောဂါကိုခံစားနေရတာကြောင့် အနုပညာအလုပ်တွေကိုလဲ မလုပ်နိုင်တော့သလို အိမ်မှာလဲတစ်ယောက်တည်း စကားပြောဖော်မရှိဘူးလို့ သိရပါတယ်။

ဆွေမျိုးတွေနဲ့ အိမ်သားတွေရှိပေမယ့်လဲ စကားပြောဖော်မရှိတာကတစ်ကြောင်း၊ လေဖြတ်ထားတဲ့ ကျန်းမာရေးအခြေအနေကြောင့် ဦးဝင်နိုင်ဟာ သူ့ရဲ့ခင်မင်ရာ မိတ်ဆွေ၊ အပေါင်းအသင်းများရှိတဲ့ ဘိုးဘွားရိပ်သာမှာ သွားရောက်နေထိုင်တော့မယ်လို့ သိရပါတယ်။ ဘိုးဘွားရိပ်သာမှာသွားနေဖို့အတွက်ကိုတာ့  ဦးဝင်းနိုင်ကိုယ်တိုင်က ရွေးချယ်ဆုံးဖြတ်ခဲ့တာလို့လဲ သိရပါတယ်။

ဦးဝင်းနိုင်ကိုတော့ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်နဲ့ ဖူးစုံတို့က ‘အနုပညာဆည်းဆာ’ ဘိုးဘွာရိပ်သာကို လိုက်လံပို့ဆောင်ပေးခဲ့တာဖြစ်ပြီး အခြေတကျဖြစ်တဲ့ထိ  ကူညီဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ယခုဆိုရင် ဦးဝင်းနိုင်ကတော့ စကားပြောဖော်မိတ်ဆွေတွေနဲ့ အတူနေထိုင်ရင်း ပျော်ရွှင်နေပြီဖြစ်ပါတယ်။

 

(ပိုပိုလေး)


06 Nov 2019     2,159 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment