BEC-TERO TV

အင်းလျားကန်ပေါင်တွင် CCTV အလုံး(၃၅)လုံးတပ်ဆင်လျက်ရှိ

16 Sep 2015     1,377 Views


ပြည်လမ်းမပေါ်တည်ရှိတဲ့ အင်းလျားကန်ပေါင်မှာ မှုခင်းများလျော့နည်းအောင် CCTV အလုံး(၃၅)လုံးကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကတပ်ဆင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။အင်းလျားကန်ဘောင်မှာဖြစ်ပေါ်နေတဲ့ခိုးမှု၊၀ှက်မှုတွေကိုစောင့် ကြည့်ဖို့နဲ့မှုခင်းဖြစ်ပွားမှုတွေလျော့နည်းသွားအောင်အင်လျားကန်ဘောင်ရှိဓါတ်တိုင်များမှာ CCTV များတပ်ဆင်ထားပါတယ်။ဓါတ်တိုင်တစ်တိုင်ကို CCTV (၄)လုံးတပ်ဆင် ထားပြီးဓါတ်တိုင်(၂)တိုင်စီခြားပြီး CCTVတွေတပ်ဆင်ထားတယ်လို့သိရပါတယ်။အဆိုပါ CCTV များမှလှုပ်ရှားမှုတွေကိုအင်လျားကန်ဘောင်အနီးမှာဘဲစောင့်ကြည့်ဖို့ Control room ကိုဆောက်လုပ်ထားတယ်လို့သိရပါတယ်။အခုလက်ရှိမှာတော့ဓါတ်တိုင်(၇)တိုင် မှာ CCTV(၂၈)လုံးတပ်ဆင်ပြီးပြီလို့သိရပါတယ်။


16 Sep 2015     1,377 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS