BEC-TERO TV

သူ့ကြောင့် ခြေထောက်ကျိုးခဲ့ရတဲ့ ဂိုးမက်စ်အတွက် လက်အုပ်ချီဆုတောင်းပေးခဲ့တဲ့ ဆွန်ဟောင်မင်

07 Nov 2019     1,796 Views


စပါးအသင်း တောင်ပံတောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ ဇဗက်ဒါအသင်းကို (၄-၀) ဖြင့်အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် (၂) ဂိုးသွင်းယူပေးခဲ့ပြီး ပထမဂိုးသွင်းယူပြီးနောက် အောင်ပွဲခံမှုမပြုလုပ်ဘဲ သူကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အဲဗာတန်ကစားမား အန်ဒရေဂိုးမက်စ်အတွက် လက်အုပ်ချီ ဆုတောင်းပေးခဲ့တဲ့ပုံစံပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဲဗာတန်အသင်းနှင့်ပွဲတွင် ဆွန်ဟောင်မင်ရဲ့ ဖျက်ထုတ်မှုမှတစ်ဆင့် အဲဗာတန်ကွင်းလယ်လူ အန်ဒရေဂိုးမက်စ်မှာ ခြေထောက်ကျိုးခဲ့ရပြီး ဆွန်ဟောင်မင်မှာလည်း အကြီးအကျယ်ဝမ်းနည်းကာ မျက်ရည်များကျခဲ့ပြီး ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပါတယ်။

ထို့ကြောင့် ဆွန်ဟောင်မင်ဟာ ပထမဂိုးသွင်းယူပြီးနောက် အောင်ပွဲခံမှုမပြုလုပ်ခဲ့ဘဲ ဂိုးမက်စ်အတွက် လက်အုပ်ချီဆုတောင်းပေးကာ တမင်သက်သက်လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာကို တောင်ပန်တဲ့ အမူအရာမျိုး ပြုလုပ်ခဲ့ပါတယ်။

ဆွန်ဟောင်မင်က ‘ကျွန်တော် အောင်ပွဲမခံချင်ပါဘူး။ ဒီခြေအနေတွေကို လေးစားရမှာဖြစ်ပြီး ဂိုးမက်စ် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပါတယ်။ တမင်သက်သက်လုပ်​ဆောင် ခဲ့တာမဟုတ်ဘဲ အခုလို မတော်မဆဖြစ်သွားတော့ ဝမ်းနည်းရပါတယ်။ ကျွန်တော်ကို အားပေးခဲ့တဲ​ြ့ အသင်းဖော် ၊ သူငယ်ချင်း ၊ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ် ’ လို့ ပွဲအပြီးမှာ BT Sports ကိုပြောကြားခဲ့ပါတယ်။

ဂိုးမက်စ်မှာ ဆေးရုံက ပြန်ဆင်းလာပြီးဖြစ်ပြီး Twitter မှတဆင့် အခြေအနေကောင်းမွန်ကြောင်း ဗီဒီယိုတစ်ခုတင်ကာ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်အထိအနားယူရမယ်ဆိုတာကိုတော့ အဲဗာတန်အသင်းက ကြောညာ အတည်ပြုထားပါတယ်။

စပါးအသင်းဟာ ဇဗက်ဒါအသင်းက ၀-၄ ဖြင့်အနိုင်ရခဲ့ပြီး ဆွန်ဟောင်မင်က ပွဲချိန်(၅၇)နှင့်(၆၁)မိနစ်များတွင် အသင်းအတွက် ဂိုးများသွင်းယူနိုင်ခဲ့ပါတယ်။

 


07 Nov 2019     1,796 Views




RELATED

Most Popular of Football

Most Popular of Sport