BEC-TERO TV

လေးတန်းလောက်ကတည်းက ကွဲကွာနေတဲ့ ဖခင်ရဲ့ဆက်သွယ်မှုကို မျှော်လင့်နေတဲ့ မြန်မာအိုင်ဒေါက ထက်အဥ္ဇလီ

08 Nov 2019     2,248 Views


မြန်မာအိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ လွိုင်ကော်သူ ကယားမလေး ထက်အဥ္ဇလီဟာ  မြန်မာအိုင်ဒေါ Season 4 ရဲ့ Top Finalist (၁၁) ယောက်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး အဆိုရှင် တစ်ဦးဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်က ဖခင်ဖြစ်သူ နဲ့ကွဲကွာခဲ့ရပြီး ယခုအခါမှာ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့လိုနေပြီး ဖခင်ဖြစ်သူထံမှ အဆက်အသွယ် ရဖို့မျှော်လင့်နေပါတယ်။

မြန်မာအိုင်ဒေါ Season 4 ရဲ့ ဒုတိယမြောက်အပါတ်ရဲ့ ပါဝင်ယှဉ်ပြိုင်မှု မစခင်မှာ သူမက  ‘ အဖေနဲ့က တော့ အဆက်အသွယ်တော့ မရှိတော့ပါဘူး ။ လေးတန်းလောက်မှာ စတင်ပြီး ခွဲခွာနေခဲ့တာ..။ သမီးကို လာတွေ့နိုင်မယ်လို့ ယုံကြည့်ပါတယ်။ ပါးပါးနဲ့လည်း တွေ့ချင်တယ်။ ညီမလေးကလည်း ပါးပါးကို လွမ်းနေတယ် ။ သမီးကို ဆက်သွယ်ပေးပါ ’ လို့ ဝမ်းနည်း မျက်ရည်ကျကာ ပြောဆိုခဲ့ပါတယ်။

ထက်အဥ္ဇလီဟာ မြန်မာအိုင်ဒေါ Season 4 ရဲ့ Second Week မှာ နာမည်ကျော် အဆိုတော် မဆုန်သင်းပါ ရဲ့ ‘ရပါတယ်’ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပြီး  ပရိတ်သတ်တွေနဲ့ ဒိုင်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

ထက်အဥ္ဇလီဟာ Make Up Artist တစ်ယောက်အဖြစ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေပြီး သူမဝါသနာပါတဲ့ အဆိုတော် ဖြစ်ဖို့ ခြေလှမ်းတွေကိုလည်း စတင်နေပါပြီ။ 

သူမကို အားပေးတဲ့ ပရိတ်သတ်တွေလည်း အများကြီးရှိနေပြီး မြန်မာအိုင်ဒေါ နောက်တစ်ဆင့် တစ်ဆင့်ကို တက်လှမ်းနိုင်ပါစေ။ နောက် သူမချစ်ရတဲ့ ဖခင်ဖြစ်သူနဲ့ မကြာခင်မှာ ပြန်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


08 Nov 2019     2,248 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment