BEC-TERO TV

၃ နှစ်သမီးလေးကို မတော်တဆ သတ်လိုက်မိတဲ့ မိခင် ရူးမတတ်ခံစားနေရ

08 Nov 2019     1,980 Views


သြစတေးလျနိုင်ငံက ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဟာ အသက် ၃ နှစ်အရွယ် ချစ်စရာသမီးငယ်လေးကို မတော်တဆ ကားနဲ့ကြိတ်မိခဲ့ရာမှ ကလေးမှာ နေရာတင် သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူ အိမ်မှာမနေရဲတော့ပဲ အရူးတစ်ယောက်လို ကြေကွဲခံစားနေရတဲ့ ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေ့က မိခင်ဖြစ်တဲ့ Amanda Furner ဟာ SUV ကားကို မောင်းနှင်ပြီး နေ့ကလေးထိန်းကျောင်းမှာ သမီးလေး Charlotte Smithers ကို သွားကြိုခဲ့ပါတယ်။ ကားထဲမှာ သူမရဲ့အခြားကလေး ၃ ယောက်လဲ ပါလာပါတယ်။ ကားကို ပါကင်ထိုးထားပြီးနောက် ဟန်းဘရိတ်လည်း ဆွဲထားခဲ့ပါတယ်။ အဲဒီနောက် ကလေးကို ကားပေါ်သို့ မတင်ခင် ရာသီဥတုက ပူပြင်းလွန်းတဲ့အတွက် ကားပေါ်တက်ကာ အဲယားကွန်းဖွင့်ပြီး ကားနားမှာ ရပ်နေတဲ့ သမီးလေးကို ကားပေါ်တင်ပေးဖို့ ပြန်ဆင်းလာစဉ် ရုတ်တရက် ကားက နောက်ပြန်လိမ့်ပြီး သမီးငယ်လေးကို ကြိတ်မိခဲ့တာဖြစ်ပါတယ်။

အဲအချိန်မှာ အနီးနားက လူတွေက ဝိုင်းဝန်းကူညီပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်တင်ခဲ့ပေမယ့် သမီးလေးမှာ နေရာတင် သေဆုံးသွားခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ ဆောက်တည်ရာမရ အရူးတစ်ပိုင်း ဖြစ်ခဲ့ပါတယ်။

Ms Furner ကို လည်း အရေးပေါ်ကားနဲ့ တင်ပြီး ဆေးရုံပို့လိုက်ကြရပါတယ်။ သတိလစ်မေ့မျောသွားတာကို ကုသပေးခဲ့ရာမှာ သူမရဲ့ ဘယ်ဘက်အခြမ်း ထိခိုက်ဒဏ်ရာရပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့ပါတယ်။

သူမရဲ့ ကားဟာ Ford Territory အမျိုးအစား ဖြစ်ပြီး ဟန်းဘရိတ်ဆွဲထားပါလျက် ကားနောက်ပြန်လိမ့်တဲ့ အတွက် ကားငှားတဲ့ ကုမ္ပဏီကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

သမီးလေးရဲ့ နာရေးအခမ်းအနားအပြီးမှာတော့ Ms Furner ဟာ လစ်လပ်နေတဲ့ သမီးလေးအခန်းကို မကြည့်ရဲလောက်အောင် ခြောက်ခြားခဲ့ရတဲ့အတွက် မိုတယ်တစ်ခုမှာ ခတ္တပြောင်းရွေ့နေထိုင်းရင်း စိတ်ဝေဒနာကို ဖြေသိမ့်နေရပါတယ်။

သူမနဲ့အတူ ကလေးတွေအားလုံး အခြားနေရာကို ရွေ့ပြောင်းကာ ဘဝသစ် ပြန်စနိုင်ဖို့ ငွေကြေး အကူအညီတွေ အလှုခံနေကြောင်း သိရသည်။


08 Nov 2019     1,980 Views




RELATED

Most Popular of International News

Most Popular of NEWS