BEC-TERO TV

Sexy model ဇာဇာထက်ရဲ့ချစ်သူဖြစ်နေတဲ့ နေလင်းကျော်

08 Nov 2019     3,281 Views


ဒီနှစ်မြန်မာအိုင်ဒေါ Season 4 ရဲ့ Top 11 Finalist တစ်ဦးဖြစ်သူ နေလင်းကျော်ကတော့ ထူးထူးခြားခြား ဆံပင်ရှည်လေးနဲ့ ဆွဲဆောင်မှုပိုနေသူတစ်ဦးပါ။ အရပ်ရှည်ရှည် ရုပ်ရည်ခပ်ဖြောင့်ဖြောင့်နဲ့ သန့်ပြန့်တဲ့ကောင်ချောလေးတစ်ယောက်မို့ နှုတ်ခမ်းနီမလေးတွေကြားမှာ နာမည်ကြီးနေသူတစ်ယောက်ဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲဝင်တွေထဲမှာတော့ မိန်းကလေးပရိသတ်​အများစုရဲ့ အားပေးမှုတွေကိုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ရုပ်ရည်ရူပကာဖြောင့်ရုံမက စတိုင်ကလဲမိုက် သီချင်းဆိုကလဲကောင်းတာမို့ နေလင်းကျော်ကတော့ အပြစ်ဆိုစရာသိပ်မရှိတဲ့ ပြိုင်ပွဲတစ်ဦးလို့ ဆိုရပေမည်။ နေလင်းကျော်ကတော့ ပင်ကိုအသံနေအသံထားကောင်းမွန်သူဖြစ်ပြီး မြန်မာအိုင်ဒေါရဲ့ Live Performance ညတွေမှာ အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

လတ်တလောလူမှုကွန်ယက်မှာ တက်လာတဲ့သတင်းတစ်ခုကြောင့် နေလင်းကျော်ကိုအားပေးနေကြတဲ့ ပရိသတ်တွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး နှုတ်ခမ်းနီမလေးတွေတစ်ချို့ အသဲတွေဟက်တက်ကွဲသွားရပါတယ်။ အဲ့တာကတော့ နေလင်းကျော်ရဲ့ချစ်သူကောင်မလေးက ဘယ်သူလဲဆိုတာပေါ်ထွက်လာတာကြောင့်ပဲဖြစ်ပါတယ်။

နေလင်းကျော်ရဲ့ချစ်သူကောင်မလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးတဲ့ Professional Sexy Model တစ်ဦးဖြစ်သူ ဇာဇာထက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေအကုန်လုံးက နေလင်းကျော်ဟာ မော်ဒယ် ဇာဇာထက်ရဲ့ချစ်သူဆိုတာကို လုံး၀မသိခဲ့ကြပါဘူး။ မနေ့ညမှာတော့ အင်တာနက်တစ်ခွင်မှာ နေလင်းကျော်နဲ့ဇာဇာထက်တို့ရဲ့ အရင်ကဗီဒီယိုတစ်ခုကပြန့်နှံ့လာခဲ့ပါတယ်။

ထိုဗီဒီယိုလေးက ချစ်သူနှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဆင်မပြေခဲ့ချိန်က အင်တာဗျူးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပြီး သူတို့နှစ်ယောက်ချစ်သူတွေဆိုတာကို သိရှိသွားကြတဲ့ Fan တွေက တစ်ဆင့်ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၄ နှစ်ကျော် ၅ နှစ်ရှိသွားပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကို အဆင်ပြေပါစေလို့ ဆုတောင်းပေးကြတဲ့ ပရိသတ်တွေရှိပြီး ဆံပင်ရှည်လေးနဲ့ ဆွဲဆောင်မှုတွေပိုနေတဲ့ ကောင်ချောလေးမို့ ကြိတ် crush ပြီး နောက်ကွယ်ကနေအားပေးနေကြတဲ့ ပျိုမေတွေအတွက်တော့ အသဲတွေဟက်တက်ကွဲသွားခဲ့ရပါတယ်။

နေလင်းကျော်ဟာ ဖေ့စ်ဘွတ်ဆယ်လီ ကျော်ကျော်နန္ဒရဲ့ သီချင်းတစ်ပုဒ်မှာလည်း ချစ်သူဇာဇာထက်နဲ့အတူ ပါဝင်တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကျော်ကျော်နန္ဒရဲ့သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့မှုကြောင့်ပဲ ချစ်သူဇာဇာထက်နဲ့ လမ်းခွဲပြတ်စဲမလိုထိ ပြဿနာတွေဖြစ်ခဲ့ကြပါသေးတယ်။

 

(ပိုပိုလေး)


08 Nov 2019     3,281 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment