BEC-TERO TV

အမေရိကန်နှင့် အာဆီယံလေကြောင်းပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဆွေးနွေး

16 Sep 2015     1,271 Views


မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့(၃၂)ကြိမ်မြောက်အာဆီယံလေကြောင်းပို့ ဆောင်ရေးလုပ်ငန်းအစည်းအဝေးမှာအမေရိကန်ပြည်ထောင်စုနဲ့လေကြောင်းပျံသန်းနိုင်မှုကိစ္စတွေကိုလည်းထည့်သွင်းဆွေးနွေးသွားမယ်လို့သိရပါတယ်။အာဆီယံလေကြောင်းပို့ဆောင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးမှာလေကြောင်းပျံသန်းနိုင်မှုအတွက်အဓိက ထားဆွေးနွေးသွားမယ့်အပိုင်းတွေရှိနေပြီးအာဆီယံလေကြောင်းပို့ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့လေကြောင်းလုံခြုံရေးကိစ္စရပ်တွေကိုဦးစားပေးဆွေးနွေးသွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဆွေးနွေးပြီးအမေရိကန်နိုင်ငံနဲ့လေကြောင်းလုံခြုံမှုကိစ္စတွေကိုလည်းပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အခုလိုအိမ်ရှင်အနေနဲ့လက်ခံကျင်းပမှုဟာ(၂၀၁၄)ခုနှစ်မှစတင်ခဲ့ပြီးယခု(၂၀၁၅)ခုနှစ်အတွင်းမှာတော့ ဒုတိယအကြိမ်ပြုလုပ်ခဲ့တာဖြစ်သလိုအဖွဲ့ဝင်နိုင်ငံတိုင်းဟာ(၂)နှစ်စီတာဝန်ယူပြီးလုပ် ဆောင်ပေးရတာဖြစ်တယ်လို့သိရပါတယ်။


16 Sep 2015     1,271 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS