BEC-TERO TV

မက်ဆီ ကိုကျော်ပြီး Goal 50 Awards ရဲ့အကောင်းဆုံးကစားသမား ဆုရရှိခဲ့တဲ့ ဗန်ဒိုက်

13 Nov 2019     1,384 Views


Goal.com ကနေ နှစ်စဉ်ချီးမြှင့်နေကျဖြစ်တဲ့ Goal 50 Awards ရဲ့ အကောင်းဆုံးကစားသမားဆုတွေ ကို မနေ့က ညနေ့ပိုင်းမှာ ကြေညာခဲ့ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်စီကို ကျော်ကာ ဆွတ်ခူးရရှိခဲ့ပါတယ်။ အကောင်းဆုံးအမျိုးသမီးဆုကိုတော့ အမေရိကန် အမျိုးသမီး အသင်းခေါင်းဆောင် မီဂန် ရာပီနိုးက ရရှိခဲ့ပါတယ်။

Goal 50 Awards ဆုကို Goal.com က နှစ်စဉ်ချီးမြှင့်နေကျဖြစ်ပြီး ဘောလုံးရာသီရဲ့  စွမ်းဆောင်ရည် အကောင်းဆုံး အမျိုးသား ကစားသမား ၊ အမျိုးသမီး ကစားသမား အယောက်(၅၀) ကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ဆန်ခါတင်ပါဝင်တဲ့ ကစားသမားကစားသမား (၂၅) ယောက်ကိုလည်း ဆုချီးမြှင့်ပါတယ်။

အသက် ၂၈ အရွယ် ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးထားနိုင်သလို ၊ နယ်သာလန်အသင်းကိုလည်း နေရှင်းလိဂ်မှာ ဆီးမီးဖိုင်နယ် အထိရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဗန်ဒိုက် က ‘ အကောင်းဆုံး ကစားသမား အယောက် (၅၀) ထဲမှာ နံပါတ် (၁) အဖြစ် ဒီဆုကို ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကမ္ဘာအကောင်းဆုံး ကစားသမားတွေကြားထဲမှာ ဒီဆုကို ရတာဟာ ကျွန်တော့အတွက် စပါယ်ရှယ်ပါပဲ ’ လို့ ဂုဏ်ယူဝင့်ကြွား ပြောဆိုခဲ့ပါတယ်။

Goal 50 ရဲ့ အကောင်းဆုံးကစားသမား ၂၅ ယောက် စာရင်း

1.ဗန်ဒိုက်ချ် (Winner)
2.မက်ဆီ
3.မိုဟာမက် ဆာလာ
4.စီရော်နယ်ဒို
5.ဆာဒီယို မာနေး
6.ရာဟင်း စတာလင်း
7.အယ်လစ်ဆင် ဘက်ကာ
8.ဖရန်ကီ ဒီဂျောင်
9.ဘာနာဒို ဆေးဗား
10.ကိုင်လီယန် အမ်ဘာပေ
11.အီဒင် ဟာဇက်
12.မက်သီးယက်စ် ဒီလစ်
13.ဆာဂျီယို အဂွဲယို
14.ဆွန်ဟောင်မင်
15.ထရန့် အလက်ဇန်းဒါး အာနိုး
16.ရောဘတ် လီဝမ်ဒေါစကီး
17.ရော်ဘတ်တို ဖေမီနို
18.ဂျေဒန် ဆန်ချို
19.အန်တွိုင်နီ ဂရီးဇ်မန်း
20. အူဘာမီယန်
21.ဟာရီကိန်း
22.ဒူဆန် တာဒစ်
23.အန်ဒရူး ရော်ဘတ်ဆန်
24.မာကိုရူး
25.လူးဝစ် ဆွာရက်ဇ်

Ref; goal.com


13 Nov 2019     1,384 Views




RELATED

Most Popular of Football

Most Popular of Sport