BEC-TERO TV

မမနဲ့မောင်လေး မင်္ဂလာပွဲကြောင့် အွန်လိုင်းမှာ ဝုန်းကုန်ကြပြီ

13 Nov 2019     2,092 Views


ပြီးခဲ့တဲ့အပတ်က အသက် ၂၁ နှစ်အရွယ် ကောင်မလေးနဲ့ အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသားလေးရဲ့ မင်္ဂလာဆောင် ဓါတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အွန်လိုင်းသုံးသူတွေကြားမှာ မေးခွန်းတွေ၊ မနာလိုမှုတွေနဲ့ ဝုန်းဆန်သွားခဲ့ပါတယ်။

မင်္ဂလာမောင်နှံဟာ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်ကြပြီး နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ပုံတွေကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဖေ့စ်ဘွခ်ပေါ်တင်လိုက်ရာမှာ အခုလို ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

သတို့သမီးက အသက် ၂၁ နှစ်ရှိပြီမို့ အရွယ်ရောက်ပြီးသားဖြစ်ပေမယ့် သတို့သားကတော့ အသက် ၁၄ နှစ်သာရှိသေးတဲ့ အလယ်တန်းကျောင်းသားလေးဖြစ်နေတာက လူအများ ဝေဖန်ထောက်ပြစရာဖြစ်ခဲ့တာပါ။

ဒီပုံတွေကို ပြန်လည် ဝေမျှခဲ့သူ ၅၀၀၀ နီးပါးရှိပြီး ဝင်ရောက်ရေးသား ဝေဖန်မှုတွေကတော့ အဆုံးမသတ်သေးပါဘူး။ အချို့ကလည်း ကမ္ဘောဒီယားနိုင်ငံရဲ့ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးမှ တရားဝင်လပ်ထပ်ရတာ မဟုတ်ဘူးလားလို့ မေးခွန်းထုတ်ထားကြပါတယ်။

နောက်တစ်ဦးလည်း ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ အချစ်ဆိုတာ ဘာမှန်းမသိ၊ အတွေ့အကြုံမရှိသေးပဲနဲ့ အခုလို မဆုံးဖြတ်သင့်ဖူးလို့ ထောက်ပြထားပါတယ်။

စာဖတ်သူတွေအနေနဲ့ရော ဒီစုံတွဲလေးနဲ့ပက်သက်ပြီး ပြောချင်တာတွေရှိရင် ကွန်မန့်မှာ အတူတူဝေမျှခဲ့ပါဦးနော်..။

 


13 Nov 2019     2,092 Views




RELATED

Most Popular of Special or Others

Most Popular of NEWS