BEC-TERO TV

၂၀၁၅ ခုနှစ်(၈)လတာအတွင်းလူကုန်ကူးမှု(၈၂)မှုအထိဖြစ်ပွား

16 Sep 2015     1,278 Views


အခုနှစ် ၈ လတာအတွင်းနိုင်ငံအနှံလူကုန်ကူးမှုဖြစ်စဉ်ပေါင်း ၈၂ ခုနှစ်အထိဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံကိုအဓမ္မလက်ထက်ဖို့ရောင်းစားခံရတဲ့အမှုကအများဆုံးဖြစ်နေဆဲဖြစ်ပါတယ်။ဖြစ်ပွားခဲ့တဲ့လူကုန်ကူးခံရမှုဖြစ်စဉ်တွေထဲမှာ အဓမ္မလက်ထပ်မှုက(၄၇)အထိရှိခဲ့ပြီး အဓမ္မစေခိုင်းမှုက(၁၉)မှု၊ ပြည်တန်ဆာပြုမှုက(၁၄)မှု၊ ကလေးမွေးစားမှုက(၁)မှု၊ ကလေးရောင်းစားမှုက(၁)မှုတို့လည်းဖြစ်ပွားခဲ့ပါတယ်။လူကုန်ကူးမှုရဲ့ဦးတည်ရာနိုင်ငံ တွေထဲမှာတရုတ်နိုင်ငံကို လူကုန်ကူးမှုက အများဆုံးဖြစ်နေဆဲဖြစ်ပြီး(၅၂)မှုရှိနေခဲ့တာ ဖြစ်ပြီးဒါဟာ လူကုန်ကူးမှုဖြစ်စဉ်အားလုံးရဲ့ ၆၅ ရာခိုင်နှုန်းနီးပါးအထိရှိနေတာဖြစ်ပါ တယ်။လူကုန်ကူးမှုဖြစ်စဉ်အများဆုံးနယ်မြေတွေကတော့ရှမ်းပြည်နယ်ကအများဆုံးဖြစ် ပြီးမန္တလေး နဲ့ ကုန်ရန်တို့ကလည်း လူကုန်ကူးမှု အများဆုံးဖြစ်စဉ်ဖြစ်ပွားတဲ့နယ်မြေတွေ ထဲပါဝင်နေတယ်လို့သိရပါတယ်။


16 Sep 2015     1,278 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS