BEC-TERO TV

တာဂျစ်ကစ္စတန်အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းရဖို့ အကောင်းဆုံး ကြိုးစားသွားမယ်

14 Nov 2019     1,330 Views


ယနေ့ညနေ့ပိုင်း ညနေ  ၅ နာရီတွင် ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တာဂျစ်ကစ္စတန်အသင်းနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းရဖို့ အကောင်းဆုံး ကြိုးစားသွားမယ့်လို့ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောလိုက်ပါတယ်။

မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက  “ဒီကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီတပွဲတည်း မဟုတ်ဘဲ လာမယ့် ပွဲတွေအတွက်လည်း ပြင်ဆင်ထားတာပါ။ ကစားသမား ၃၅ ဦးထဲမှာ နောက်ဆုံးမှာတော့ ၂၃ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ၃ ပတ်တာ ကာလအတွင်း ကြံ့ခိုင်မှုရော ကစားကွက်ပိုင်းပါ အကောင်းဆုံး ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကစားသမားတွေကလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိနေပြီး လွန်ခဲ့တဲ့ ၃ ပတ်နဲ့ နှိုင်းယှဉ်ရင် အများကြီး တိုးတက်လာပါတယ်။ အရင်ပွဲတွေက ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ဒီအချိန်ဟာ အလွန်အရေးကြီးနေပြီဆိုတာ ပရိသတ်တွေ သိရှိပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ အကောင်းဆုံးကြိုးစားရမှာဖြစ်ပြီး အဲ့ဒီလိုပြုလုပ်ရာမှာ ပရိသတ် အားပေးမှုက အလွန် အရေးပါပါတယ်” လို့ ပြောပါတယ်။

မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲသုံးပွဲ ယှဉ်ပြိုင်ပြီးချိန်မှာတော့ သုံးပွဲစလုံးရှုံးနိမ့်ထားပြီး ရဂိုးတောင်မရရှိသေးတဲ့ အနေအထားဖြစ်ပါတယ်။ အဝေးကွင်းပွဲတွေဖြစ်တဲ့ မွန်ဂိုလီးယားကို  ၁ ဂိုး ဂိုးမရှိ၊ ကာဂျစ္စတန်ကို ၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပြီး အိမ်ကွင်းမှာတော့ ဂျပန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ သုံးပွဲဆက် ရှုံးနိမ့်ထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(စ) မှာ ဂျပန်၊ တာဂျစ်ကစ္စတန်၊ မြန်မာ နဲ့ မွန်ဂိုလီးယားအသင်းတို့ ပါဝင်ခဲ့ပြီး  အုပ်စုပွဲစဉ် (၃) ပွဲ အပြီးမှာတော့ ဂျပန်အသင်းက သုံးပွဲနိုင် ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပါတယ်။ မြန်မာအသင်းကတော့ ရမှတ် (၀) ဖြင့်အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။


14 Nov 2019     1,330 Views




RELATED

Most Popular of Football

Most Popular of Sport