BEC-TERO TV

ဆင်ဦးစီးရဲ့ မညှာမတာ ခိုင်းစေမှုကြောင့် ဘုံးဘုံးလဲကာ သေဆုံးခဲ့ရတဲ့ ဆင်ပျိုလေး

15 Nov 2019     1,991 Views


ဆင်ဟာ လူတွေလိုပဲ အသက်ရှည်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဆင်တစ်ကောင်ရဲ့ သက်တမ်းဟာ ပျှမ်းမျှ နှစ် ၆၀ ထိ နေနိုင်ပါတယ်။ ဒါပေမယ့် သနားစရာကောင်းတဲ့ ဆင်ပျိုလေးတစ်ကောင်ဟာ ၁၈ နှစ်သက်တမ်းမှာတင် ဆင်ပိုင်ရှင် ဦးစီးရဲ့ မညှာမတာခိုင်းစေမှုဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး မတ်တပ်ကနေ ဘုံးဘုံးလဲကျ သေဆုံးသွားခဲ့ပါတယ်။

ဆင်ပျိုလေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ပူပြင်းလှတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ရာသီဥတုအပူဒဏ်အောက်မှာ တောတွင်းလှည့်လည်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အခေါက်ခေါက်အခါခါ ကျောမှာ ထမ်းပိုးပြီး သွားခဲ့ရတဲ့အတွက် နောက်ဆုံးခရီးစဉ်အပြီးမှာ ရုတ်တရက် မြေပြင်ပေါ် လဲကျသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယတိုင်းမ်စ်သတင်းစာမှာ ဖော်ပြချက်အရ ‘ကန်နာကိုတာ’ လို့ အမည်ရတဲ့ ဆင်လေးဟာ တစ်နေ့ကို ခရီးစဉ် ၃ ခေါက် မနားမနေ ခရီးသည်တွေကိုတင်ပြီး ဆက်တိုက် သွားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လုံးလုံးလည်း သူ့ရဲ့ကျောပေါ်မှာ လူတွေထိုင်ဖို့ စီစဉ်ထားတဲ့ လေးလံတဲ့ ထိုင်ခုံခြင်းကြီးကို ကျောမှာထမ်းပိုးကာ နာရီနဲ့ချီကြာတဲ့ ရှေးဟောင်း အဆောက်အဦးတွေ၊ သစ်တောကျို သစ်တော်ကြားတွေထဲမှာ ရုန်းကန်လှုပ်ရှားရင်း သခင်အတွက် စီးပွားရှာပေးခဲ့ရပါတယ်။ ဆင်ဦးစီးရဲ့ ချွန်းကို ကြောက်ပြီး ခိုင်းသမျှကို မနားမနေ လုပ်ပေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ လူသားတွေရဲ့ သတ္တဝါတွေအပေါ် ကိုယ်ချင်းမစာနာစိတ်၊ လောဘရမ္မက်စိတ်တွေအောက်မှာ လက်ကျန် အင်အားကုန်တဲ့ထိ အစွမ်းကုန်ပေးဆပ်ရင်း အသက်ကိုစတေးသွားခဲ့ရပါတယ်။

အခုလို ဆင်တွေကို ပစ်စလပ်ခတ် စေခိုင်းလို့ သေဆုံးခဲ့ရတာတွေဟာ ‘ကန်နာကိုတာ’ တစ်ကောင်ထဲတင် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း အသက် ၇၀ အရွယ် ဆင်အိုကြီးကို ဘုရားလှည့်ရာမှာ အတင်းအကြပ်စေခိုင်းခဲ့တဲ့အတွက် အချိန်မတန်ခင် သေဆုံးခဲ့ရဖူးပါတယ်။


15 Nov 2019     1,991 Views




RELATED

Most Popular of Special or Others

Most Popular of NEWS