BEC-TERO TV

တောင်ကိုးရီးယား လွတ်လပ်ရေးအထိမ်းအမှတ်အနေနဲ့ စာအုပ်ပေါင်း ၁၀၀၀ တိတိလှူဒါန်းလိုက်တဲ့ ဆောင်းဟယ်ကျို

18 Nov 2019     1,996 Views


မြန်မာပရိတ်သတ်တွေရဲ့ အသည်းဦးလို့ တင်စားခေါ်ဝေါ်ရတဲ့ ကိုးရီးယား မင်းသမီး ဆောင်းဟယ်ကျိုဟာ နာမည်ကျော် ထိပ်တန်း မင်းသမီး တစ်လက်ဖြစ်ရုံသာမက အလှူအတန်း ရက်ရောသူ တစ်ဦးလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ဟာ တောင်ကိုးရီးယားနိုင်ငံ  ကိုလိုနီဖက်ဆစ် ဂျပန်လက်အောက်ကနေပြီး လွတ်လပ်ရေးရရှိခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုဟာ ထိုနေ့မှာ လွတ်လပ်ရေးနဲ့ ပတ်သတ်တဲ့ သမိုင်း စာအုပ် တစ်ထောင်တိတိကို Sung Shin (ဆောင်းရှင်း အမျိုးသမီးတက္ကသိုလ်) မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဆောင်းဟယ်ကျိုဟာ ‘ဆောင်းရှင်း အမျိုးသမီး တက္ကသိုလ်’ မှ ပါမောက္ခ Seo Kyung Dok နဲ့ အတူ ကိုးရီးယား လွတ်လပ်ရေးသမိုင်းကို နိုင်ငံတကာက ပိုမို သတိထား သိရှိလာစေဖို့ လုပ်ဆောင်တဲ့ ပရောဂျက် တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ ပရောဂျက်နဲ့ ပတ်သတ်ပြီး ပါမောက္ခ Seo Kyung Dok မှ အောက်ပါအတိုင်း ပြောပြလာပါတယ်။

“ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေး ရရှိလာတာနဲ့ ပတ်သတ်ပြီး နိုင်ငံတကာက ဒီထက်ပို သိရှိသွားအောင်လို့ လွတ်လပ်ရေး သမိုင်းစာအုပ်တွေကို နိုင်ငံတကာ ဝက်ဘ်ဆိုဒ်တွေကို ဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီပရောဂျက်မှာ ပူးပေါင်းပါဝင်ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အခုလို ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေက နောက်လည်း လိုအပ်လာဦးမှာ ဖြစ်တဲ့အတွက် ရေရှည်တည်တံ့ခိုင်မြဲစေဖို့ မျှော်လင့်မိပါတယ်။ ” ဆိုပြီး ပြောပြသွားပါတယ်။

ထိပ်တန်း သရုပ်ဆောင် မင်းသမီး ဆောင်းဟယ်ကျိုကတော့ ပါမောက္ခ Seo Kyung Dok ရဲ့ ပရောဂျက်မှာ သမိုင်းဝင်စာအုပ်တွေ ပါဝင်လှူဒါန်းနေခဲ့တာ ဒီတစ်ကြိမ်ရောပါ ပေါင်းလိုက်ရင် ၁၈ ကြိမ်တိတိ ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ Kyo ဟာ သူမရဲ့ အလှနဲ့တင် နာမည်ကြီးတာမဟုတ်ဘဲ အလှူအတန်း ရက်ရောတာ စိတ်သဘောထားကောင်းတာတွေကြောင့် လူချစ်လူခင် ပေါများတယ်ဆိုတာငြင်းဆန်လို့ မရနိုင်တဲ့ အချက်တစ်ချက်ပါပေပဲ။

Ref:allkpop

(ပိုပိုလေး)

 


18 Nov 2019     1,996 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS