ကာမစော်ကားမှုနဲ့ Jung Joon Young နဲ့ Jonghun တို့ကို ထောင်ဒဏ်အသီးသီး ချမှတ်
18 Nov 2019 1,848 Views

တောင်ကိုးရီးယား နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ Jung Joon Young နဲ့ FT Island အဖွဲ့ဝင်ဟောင်း Jonghun တို့ဟာ ပြီးခဲ့တဲ့ဧပြီလကစလို့ မိန်းကလေးတွေကို ဖျက်ဆီးစော်ကားမှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပြီး ရဲထံမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။
.jpg)
Jung Joon Young နဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ Jonghun, Roy Kim, Mr.Kown နဲ့ Mr. Heo တို့ဟာ ဇန်နဝါရီ ၂၀၁၆ ဂန်ဝန်ဒိုမှာ တစ်ကြိမ်၊ မတ် ၂၀၁၆ ဒယ်ဂူမှာတစ်ကြိမ် အမျိုးသမီးတွေကိုဖျက်ဆီးစော်ကားခဲ့ပြီး အလိုမတူ ချောင်းရိုက် ဗွီဒီယိုတွေကို ခင်မင်ရင်းနှီးတဲ့ အသိမိတ်ဆွေတွေကြား ဖြန့်ဖြူးခဲ့ကြပါတယ်။

ဒီအမှုကို ကွင်းဆက်အမှုအဖြစ် နာမည်ကြီး သတင်းမီဒီယာတွေနဲ့ ရဲဋ္ဌာနမှ ပူးပေါင်းပါဝင် စုံစမ်းစစ်ဆေးခဲ့ရာ နောက်ဆုံးမှာ အမှုမှန်ပေါ်ပေါက်သွားခဲ့ပြီး တရားခံ အစစ်အမှန်ကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ အဓိက ပြစ်မှုကျူးလွန်သူ Jung Jun Young ကို ထောင်ဒဏ် (၇) နှစ်၊ သူနဲ့ အဓိကပူးပေါင်းပါဝင်သူ Jonghun ကို (၅) နှစ် ချမှတ်ထားပြီး Burning Sun Club တွင်း မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်မှုနဲ့ Mr.Kim နဲ့ Kwon တို့ကို (၁၀) နှစ်၊ ဒီကိစ္စတွေမှာ တစ်နည်းတစ်ဖုံ ပါဝင်ပတ်သတ်နေတဲ့ Mr.Heo ကိုကျ ထောင်ဒဏ် (၅) နှစ် အသီးသီး ချမှတ်ခဲ့ကြပါတယ်။

ဒီအမှုအတွက် နောက်ဆုံးရုံးချိန်းကို နိုဝင်ဘာ ၂၉ ရက်နေ့၊ မနက် ၁၁ နာရီအချိန်မှာ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Ref:allkpop
(ပိုပိုလေး)







