BEC-TERO TV

မိဘကို သင်္ချိုင်းကုန်းအထိ လိုက်ဒုက္ခပေးတဲ့ သားအလိမ္မာတုံးကြီး

18 Nov 2019     2,321 Views


မိဘတွေအနေနဲ့ သားသမီးတွေကို မွေးကင်းစ အရွယ်ကနေ လူလားမြောက်တဲ့အထိ ရုန်းကန်လှုပ်ရှားပြီး ကျွေးမွေးပြုစုရတဲ့ကိစ္စက တစ်ကယ်တွေးကြည့်မယ်ဆိုရင် သေးတဲ့ဒုက္ခ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘဆိုတာ သားသားမီးမျက်နှာကိုမြင်လိုက်ရင် ဘဝအမောတွေ ပြေသွားစမြဲပါပဲ။

မိဘတွေရဲ့ ဒုက္ခကိုသိပြီး ကြီးပြင်းလာတဲ့အခါ တဖန်ပြန်လည် ကျွေးမွေးစောင့်ရှောက်တဲ့ သားသမီးလိမ္မာတွေရှိသလို သေသွားတဲ့ မိနဲ့ဖကို ဖြောင့်ဖြောင့်မသေနိုင်အောင် သင်္ချိုင်းကုန်းအထိ လိုက်ပြီး ဒုက္ခ​ပေးတဲ့ သားသမီးမျိုးလည်းရှိပါတယ်။

အာဖရိကနိုင်ငံ မိုဇန်ဘိခ် က အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်ဝယ်ဖို့အတွက် ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိဘနှစ်ပါးရဲ့ သင်္ချိုင်းကို ပြန်လည်တူးဖော်ကာ အခေါင်းထဲက အရိုးတွေကို ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။

Daily Mail သတင်းအရ အမျိုးသားဟာ စီးပွားရေးသမားတစ်ယောက်နဲ့တွေ့ခဲ့ပြီး အရိုးစုတွေကို ဒေါ်လာ ၃၀၀ နဲ့ ဝယ်မယ်လို့ ကမ်းလှမ်းခဲ့တာကြောင့် ညဘက်မှာ သင်္ချိုင်းကိုသွားပြီး မိဘနှစ်ပါးနဲ့ ဦးလေးရဲ့ မြေပုံတွေကို ပြန်လည်တူးဖော်ခဲ့တာဖြစ်ပါတယ်။ အရိုးစုဝယ်မယ့်သူဟာ အမင်နရယ်သတ္တုဓာတ်တွေရဲ့ အရင်းမြစ်ကို လေ့လာနေသူဖြစ်ပြီး အရိုးတွေတူးဖော်ပြီးနောက် သူကို သွားတွေ့ခဲ့ရာမှာတော့ ရှာလို့မတွေ့ခဲ့ပါဘူး။

သင်္ချိုင်းမြေပုံဖောက်ပြီး လူအရိုးစုတွေ ရောင်းစားဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားကို ရဲအဖွဲ့က ဖမ်းဆီးထားပြီး ဒီနေရာတစ်ဝိုက်မှာ ယခုနှစ်အတွင်း အလားတူအမှုပေါင်း ၅ ခုလောက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


18 Nov 2019     2,321 Views




RELATED

Most Popular of Special or Others

Most Popular of NEWS