BEC-TERO TV

The Mask Singer Myanmar ရဲ့ ပထမဆုံး မျက်နှာဖုံးချွတ်ရမယ့်သူက ဘယ်သူဖြစ်မလဲ?

18 Nov 2019     2,204 Views


မျက်နှာဖုံးအောက်က အဆိုတော် ဘယ်သူဖြစ်မလဲ (The Mask Singer Myanmar) အစီအစဉ်ကို ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ Channle Me ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တဲ့ အချိန်ကစပြီး ပရိတ်သတ် စိတ်ဝင်စားမှုကို တစ်ခဲနက် ရရှိထားပြီးဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ မျက်နှာဖုံးအောက်က အဆိုတော်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ ထွန်းထွန်း(Example)၊ လူရွှင်တော် ဦးအရိုင်း၊ မခိုင်လေး (ခိုင်သင်းကြည်) နဲ့ ရတနာမိုင်(မိုင်လေး) တို့က ဆယ်လီစုံထောက်တွေအနေနဲ့ ပါဝင်ထားပါတယ်။

စတင် ထုတ်လွှင့်သွားတဲ့ ပထမအပတ်မှာ Group A,B, C အလိုက် မျက်နှာဖုံး တစ်ဖွဲ့လျှင် (၃) ယောက် နှုန်းထားနဲ့ အဖွဲ့သုံးဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Group A မှာ ဂြိုလ်သား၊ နဂါး၊ ကျား တို့က ‘မှားတဲ့ဘက်မှာ’ သီချင်း

Group B မှာ ဇီးကွက်၊ သီးမွေး၊ ဇော်ဂျီ တို့က ‘သဘာဝရဲ့ ရင်သွေးငယ်တွေ’

 

Group C မှာ ဖိုးဝ၊ယက္ခ၊ နာနတ်သီး တို့က ‘ချစ်တာ တစ်ခုပဲသိတယ်’ တို့နဲ့ အသီးသီး ပါဝင်သီဆို ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 

လာမယ့် ဒီအပတ် သောကြာနေ့ ထုတ်လွှင့်သွားမယ့် အပိုင်းမှာ မျက်နှာဖုံးအောက်က အဆိုတော်တွေ ဘယ်သူဖြစ်မယ်ဆိုတာ ဆယ်လီစုံထောက် (၄) ဦးတို့က ခန့်မှန်းသွားရတော့မှာပဲဖြစ်ပါတယ်။ လတ်တလော အွန်လိုင်းမှာ ကြည့်ရှုခံစား နားဆင်ပြီးကြပြီဖြစ်တဲ့ ပရိတ်သတ်တွေကလည်း ဆယ်လီစုံထောက်တွေကို ကူညီတဲ့အနေနဲ့ ဝိုင်းဝန်း ခန့်မှန်းပေးထားကြပါတယ်။ ပရိတ်သတ် ခန့်မှန်းပေးထားတာတွေကတော့ ဂြိုလ်သားက အုပ်စိုးခန့်၊ နဂါးက အေသင်ချိုဆွေ၊ ဇီးကွက်က နန်းဆုရတီစိုး၊ သီးမွေးက ဂျင်းနီ၊ ယက္ခ အနေနဲ့ ဦးကျော်ထူး၊ နားနတ်သီးကိုတော့ လိမ္မော်သီးဆိုပြီး ခန့်မှန်းထားကြပါတယ်။

ကျား၊ ဇော်ဂျီနဲ့ ဖိုးဝတို့ကိုလည်း ဆယ်လီစုံထောက် (၄) ဦးအပါအဝင် ပရိတ်သတ်တွေအနေနဲ့လည်း ခန့်မှန်းရ ခက်နေတုန်းပါပဲ။ ဒီအပတ် သောကြာနေ့ ည ၇ နာရီခွဲမှာ Channel Me ရဲ့ ထုတ်လွှင့်တင်ဆက်မှုနဲ့အတူ မျက်နှာဖုံးအောက်က တေးသံရှင်တွေ ဘယ်သူတွေဖြစ်မယ်ဆိုတာ တူတူမျှော်လင့်‌စောင့်စားလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 


18 Nov 2019     2,204 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS