BEC-TERO TV

မြန်မာလူငယ်တွေကို အားငယ်စိတ်မထားဖို့ အောင်လအန်ဆန် အားပေးအကြံပြု

19 Nov 2019     1,942 Views


One Championship One Championship ရွှေခါးပတ်နှစ်ခုပိုင်ရှင် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ အပါတ်က မြန်မာပြည်ကို အလည်အပတ်ရောက်လာခဲ့ပြီး မြန်မာ့ဩဘာက စီစဉ်တဲ့ နယ်ဒေသခံ တောင်သူတွေနဲ့ တွေ့ဆုံတဲ့ အစီအစဉ်တွေမှာပါဝင်ဆောက်ရွတ်နေတာဖြစ်ပါတယ်။ 

မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်ဟာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဘောလုံးကွင်းတွင် တောင်ငူမြို့ခံများနဲ့တွေ့ဆုံခဲ့ပြီး မြန်မာလူငယ်များအနေဖြင့် နိုင်ငံတကာနှင့်ယှဉ်ပြီး အားငယ်စိတ်မရှိဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုဖြင့် ကြိုးစားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

''ကျွန်တော်တို့ဆီက လူငယ်တွေက တစ်ခါတလေ သူတို့မြန်မာတစ်ယောက်ဆို ပြီးတော့ အားငယ်တတ်တယ်။ အားမငယ်ပါနဲ့ လို့ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း တခြားနိုင်ငံကလူတွေလိုမျိုး အသွေးလည်းအတူတူပဲ၊ အသက်ရတာလည်း အတူတူပဲ။ ဘာမှမကွာဘူး။ သူတို့နဲ့၊ အဲဒီလိုမျိုး ကျွန်တော်တို့ကစားတဲ့လူတွေနဲ့ ကျွန်တော်တို့က သူတို့ကိုအထင်ကြီးနေမယ်ဆိုရင် ဘယ်တော့မှနိုင်မှာမဟုတ်ဘူး။ သူတို့ ရုရှားကလူတွေရှိမယ်၊ ယူအက်စ်ကလူတွေရှိမယ်။

အာဖရိကကလူတွေရှိမယ်၊ သူတို့က ကျွန်တော့်ထက်အရမ်းပိုသာတယ်ဆိုပြီး စိတ်မှာထားရင် ဘယ်တော့မှနိုင်မှာမဟုတ်ဘူး၊ အဲ့တော့ ပြောချင်တာက ကျွန်တော့တို့ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်ကြိုးစားမယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မယ်ဆိုရင် အောင် မြင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

အဲဒီ တော့ တိုက်တွန်းချင်တာ၊ အားပေးချင်တာက စိတ်မငယ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ အဲဒါပြီးရင် ကြိုးစားပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်''ဟု အောင်လအန်ဆန်က က တောင်ငူမြို့ခံပရိသတ်များနှင့်တွေ့ဆုံပွဲ တွင် ပြောကြားခဲ့ပါတယ်။

​အသက် (၃၄)နှစ်အရွယ်ရှိ​ အောင်လအန်ဆန်ဟာ  One Championship ပြိုင်ပွဲမှာ နောက်ထပ်ထိုးသတ်ပွဲတွေ ထိုးသတ်နိုင်ဖို့ မျှော်လင့်နေပြီး လာမယ် ၂၀၂၀ မှာ လေးပွဲလောက် ထိုးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ လာမယ့်နှစ်မှာတော့ Middle Weight ကိုပဲ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။


19 Nov 2019     1,942 Views




RELATED

Most Popular of Boxing

Most Popular of Sport