BEC-TERO TV

တရားရုံးမှာ ကိုယ်ကိုယ်ကို သေနတ်နဲ့ပစ်ခဲ့သူ တရားသူကြီးအား နယ်ပြောင်း

19 Nov 2019     1,496 Views


တရားရုံးထဲမှာတင် ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ကာ အဆုံးစီရင်မှုကြောင့် သတင်းမီဒီယာ ခေါင်းကြီးပိုင်းတွေမှာ သတင်းထူးအဖြစ် ဖော်ပြခံခဲ့ရသူ တရားသူကြီး ‘ခန်နာခွန် ပီယန်ချနာ’ အား ချင်းမိုင်မြို့သို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရန် တရားစီရင်ရေးကော်မရှင်မှ ဆုံးဖြတ်လိုက်သည်။

တရားသူကြီး ‘ခန်နာခွန် ပီယန်ချနာ’ ဟာ မနှစ်တုန်းက ရာလာမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ဖြင့် ပစ်ခတ်မှုတွင် စွပ်စွဲခံထားရသူ ၅ ဦးအား အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအမှုနဲ့ပက်သက်ပြီး သူ၏တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်ခံခဲ့ရပြီး စိတ်ဖိစီးမှုတွေများကာ အောက်တိုဘာလ ၄ ရက်နေ့က ရာလာစီရင်စုတရားရုံး၏ တရားခွင် သီးသန့်အခန်းတွင်း၌ သူ့ရင်ဘတ်ကို သူ့သေနတ်နဲ့ တေ့ကာ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ အသက် မသေခဲ့သော်လည်း အဆိုပါ လုပ်ရပ်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုများခံယူခဲ့ရသည်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ထိုင်းနိုင်ငံ အမြင့်ဆုံးတရားရုံး၏ ထုတ်ပြန်ကြေညာချက်အရ တရားသူကြီး ‘ခန်နာခွန် ပီယန်ချနာ’ ကို ရာထူးအဆင့်မှ လျှော့ချခြင်းမဟုတ်ပဲ စိတ်ဖိစီးမှုများမှ ကင်းဝေစေရန် ချင်းမိုင်မြို့ရှိ တရားစီရင်ရေးသုတေသနဌါနသို့ လွှဲပြောင်းတာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒီအလုပ်အသစ်ကနေ သူ့တွက် အခွင့်အလမ်းအသစ်တွေ ရရှိလာမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ့်သတင်းစာကို ပြောကြားခဲ့ကြောင်း သိရသည်။


19 Nov 2019     1,496 Views




RELATED

Most Popular of International News

Most Popular of NEWS