BEC-TERO TV

ကြောက်စရာ လူမျက်နှာနဲ့ ငါးကြီး (ရုပ်သံ)

19 Nov 2019     2,181 Views


တရုတ်နိုင်ငံက သဘာဝ ရေကန်ကြီးတစ်ခုထဲမှာ လူတွေငါးစာကျွေးနေကြစဉ် လူမျက်နှာနဲ့ ငါးကြီးတစ်ကောင်ပေါ်လာပြီး အစာစားနေတာကို လူတွေမြင်ပြီး အထူးအဆန်းအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမြို့ရဲ့အပြင်ဘက်မှာရှိတဲ့ ရွာနားက ရေကန်ကြီးထဲမှာ ဒီငါးကို တွေ့ခဲ့ကြရတာပါ။ အမျိုးသမီးတစ်ယောက်က ဗီဒီယိုရိုက်ပြီး တရုတ်လူမှုကွန်ယက် ဝီဘိုပေါ်ကို တင်ခဲ့ရာမှာ ကြည့်ရှုသူတွေအားလုံး အံ့သြထိတ်လန့်ကုန်ကြပါတယ်။

ငါးရဲ့ ဦးခေါင်းဟာ ရုပ်ဆိုးဆိုးခပ်ကြမ်းကြမ်းလူတစ်ယောက်ရဲ့ မျက်နှာပုံစံဖြစ်နေတာကို ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။


19 Nov 2019     2,181 Views




RELATED

Most Popular of Special or Others

Most Popular of NEWS