ခပ်ချေချေ မျက်နှာထားကို ပိုင်ဆိုင်ထားလို့ အမြဲအထင်လွဲခံရတဲ့ idol အဆိုတော်များ
20 Nov 2019 2,110 Views

တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ idols အဆိုတော် တွေဟာဆိုရင် ပရိတ်သတ်ချစ်ခင်မှုကို အပြည့်အဝ ရရှိထားနိုင်သူတွေပဲဖြစ်ပါတယ်။ idol တစ်ယောက်အနေနဲ့ ရုပ်ချောရမယ်၊ ချစ်ဖို့ကောင်းတဲ့ အမူအရာတွေ လုပ်တတ်မှ လူချစ်လူခင်ပေါများတယ်လို့ ပရိတ်သတ်အများစုက သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ ဒီ idols တွေကတော့ ခပ်ချေချေ မျက်နှာထားနဲ့ အမြဲလိုလို မှုန်ကုပ်နေတတ်ပေမယ့် ပရိတ်သတ် အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားကြပါတယ်။ သူတို့ကို ကြိုက်နှစ်သက်သူတွေလည်း ရှိသလို ချေမိုးလွန်းတာကြောင့် မကြိုက်မနှစ်သက်တဲ့ ပရိတ်သတ်အများစုလည်း ရှိကြပါတယ်။ သူတို့လေးတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ပိုပိုလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်။
Krystal Jung


Krystal Jung ဟာ ချစ်ဖို့ကောင်းတဲ့ အမူအရာကို ပိုင်ဆိုင်ထားတဲ့ idol မိန်းကလေးတစ်ဦးဆိုပေမယ့် သူမရဲ့ ခပ်ချေချေ မျက်နှာထားကြောင့် အထင်လွဲခံရတဲ့ အခြေအနေတွေ အများအပြားကြုံတွေ့ခဲ့ရပါတယ်။
Sehun (EXO)


Exo မှ အငယ်ဆုံးအဖွဲ့ဝင် Sehun ကတော့ အရယ်အပြုံးနည်းသေးပေမယ့် ပရိတ်သတ်အချစ်တွေကို အပြည့်အဝရရှိထားသူကြီးပါ။
Bam Bam (GOT7)


GoT7 မှ အငယ်ဆုံးလေး Bam Bam ဟာလည်း တစ်ချက်တစ်ချက် အရယ်အပြုံးနည်းတတ်တာကြောင့် အထင်လွဲခံရတာမျိုးတွေ မကြာခဏ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
Zico
.jpg)
.jpg)
Hip Hop အဆိုရှင် Zico ကတော့ Rapper တို့ရဲ့ပုံစံအတိုင်း ခပ်ချေချေ မျက်နှာထားနဲ့ လူရှေ့သူရှေ့နေထိုင်လေ့ရှိပါတယ်။
Shownu (Monsta X)
.png)
.jpg)
Monsta X ခေါင်းဆောင် Shownu ကတော့ အဆော့သန်တဲ့ အဖွဲ့ဝင်တွေကိုဦးဆောင်နေရတာကြောင့် အဖေတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ဖြစ်သွားတာပဲဖြစ်ပါတယ်။
Jennie (BlackPink)
.png)

Blackpink Jennie ဟာလည်း ရုပ်တည်လွန်းတာကြောင့် ကျောင်းတုန်းက သူများကို အနိုင်ကျင့်ခဲ့တယ်ဆိုတာမျိုး အစရှိတဲ့ ကောလာဟာလ ထုတ်လွှင့်တာမျိုးတွေတောင် ကြုံခဲ့ရဖူးပါတယ်။
Yongguk (B.A.P)


B.A.P Yongguk ဟာလည်း ရုပ်တည်လွန်းတာကြောင့် ပရိတ်သတ် အထင်လွဲမှားတာကို အမြဲလိုလို ခံရလေ့ရှိပါတယ်။
Hwasa (Mamamoo)


Hwasa ကတော့ သူမရဲ့ talent ကြောင့် နာမည်ကြီးလာသူတစ်ဦးဖြစ်ပြီး ခပ်တည်တည်နဲ့ ထက်မြက်တဲ့ အသွင်ဆောင်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ လူသိများပါတယ်။
San (ATEEZ)


ATEEZ အဖွဲ့ဝင် San ကလည်း ရုပ်တည်လွန်းတာကြောင့် ပရိတ်သတ် အထင်လွဲမှားတာမျိုးတွေ အမြဲလိုလို ခံနေရလေ့ရှိပါတယ်။
Ref:allkpop
(ပိုပိုလေး)







