BEC-TERO TV

စပါးအသင်း နည်းပြအဖြစ် မြင်တွေ့ရတော့မယ် စပါးရှယ်ဝမ်း မော်ရင်ဟို

20 Nov 2019     1,389 Views


မနေ့က ညပိုင်းက စပါးအသင်းဟာ နည်းပြ ပိုချက်တီနိုကို ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ပိုချက်တီနိုဟာ စပါးအသင်းမှာ ၅ နှစ်ခွဲတာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ်မှာ ရလဒ်ဆိုးမှာ ထွက်ပေါ်ခဲ့သည့်အတွက်ကြောင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်တယ်လို့ စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ဆိုပါတယ်။

စပါးအသင်းဟာ နည်းပြပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပြီး မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုကို ခန့်အပ်ဖို့ နီးစပ်နေပြီး ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ မော်ရင်ဟို ခန့်အပ်ဖို့အတွက် စာချုပ်စာတမ်းကိစ္စတွေကို လုပ်ဆောင်နေပြီး မကြာခင် နာရီပိုင်းအတွင်းမှာတင် အတည်ပြုကြေညာသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မော်ရင်ညိုဟာ ချဲလ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ ကြိမ်ရယူနိုင်ခဲ့ပြီး စပါးအသင်းကိုသာ တာဝန်ယူကိုင်တွယ်ဖြစ်ပါက ပရီးမီးယားလိဂ်တွင် မတူညီသည့် (၃ ) အသင်းမြောက်အသင်းကို ကိုင်တွယ်တဲ့ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

အသက် (၄၇)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုး ပိုချက်တီနိုဟာ ၂၀၁၄ ခုနှစ်၊ မေလတွင် ဆောက်သမ်တန်အသင်းမှ စပါးအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး စပါးအသင်းမှာ ၅နှစ်ခွဲကြာ တာဝန်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၁၈-၁၉ ရာသီက စပါးအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။


20 Nov 2019     1,389 Views




RELATED

Most Popular of Football

Most Popular of Sport