BEC-TERO TV

ဖအေနဲ့သား ကန်သလိုဖြစ်ခဲ့ရတဲ့ အေဂျက်စ် ယူ၁၅ နဲ့ စပါတပ်စ် ရော့တာဒမ် ယူ-၁၅

20 Nov 2019     1,383 Views


ပြီးခဲ့တဲ့ အပါတ်က အေဂျက်စ် ယူ ၁၅ အသင်းနဲ့ စပါတပ်စ် ရော့တာဒမ် ယူ -၁၅ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲမှ အဖြစ်အပျက်တချို့ဟာ ဘောလုံးချစ် ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဒါကတော့ အေဂျက်အသင်းနောက်ခံလူငယ် ကစားသမားလေး ဒေးဗစ် အက်စမွန်ဟာ ပုံမှန်ထက် အကာင်ပိုကြီးနေပြီး စပါတပ်စ် ရော့တာဒမ် တိုက်စစ်မှူးလေးတို့နဲ့ အတွေ့မှာ ပရိတ်သတ်တွေအတွက် ကြည်နူးစရာ ရယ်စရာအဖြစ် မြင်တွေ့ခဲ့ရတာပါ။

အသက် ၁၄ နှစ်အရွယ်ရှိ အေဂျက်စ် လူငယ်ကစားသမားလေး ဒေးဗစ် အက်စမွန်ဟာ အရပ် ၆ ပေ ၂ လက်မအထိရှိနေပြီး သူဟာ အခြားပြိုင်ဘက်ကစားသမားတွေက အရပ်ပိုရှည်တာကြောင့် ခေါင်းတိုက်ဘောတွေ အပြေးတွေမှာ အသာရနေတာဖြစ်ပါတယ်။

ဒါပေမယ့် စပါးတပ်အသင်း တိုက်စစ်မှူးလေးကတော အက်စမွန်ဘယ်လောက်အရပ်ရှည်နေပါစေ  လက်မလျှော့ဘဲ ဘောလုံးလုယူပုံတွေ၊  မမှီတမှီ ခေါင်းခုန်တိုက်ယူပုံတွေကြောင့် ပရိတ်သတ်တွေ ချစ်စရာဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အေဂျက်စ် ယူ-၁၅ အသင်းဟာ ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အက်စမွန်ဟာ အေဂျက်စ် ယူ-၁၅ အသင်းမှာ ၁၀ ဝင်ရောက်ကစားထားပြီး သွင်းဂိုး(၂) ဂိုးသွင်းယူထားနိုင်ကာ ဖန်တီးမှုတွေကိုလည်း ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

 


20 Nov 2019     1,383 Views




RELATED

Most Popular of Football

Most Popular of Sport