BEC-TERO TV

မသေခင်လေးမှာ အမျိုးသမီးတွေအတွက် လှုပ်ရှားမှုလေးပြုလုပ်သွားချင်ခဲ့တဲ့ Sulli ရဲ့ ဆန္ဒတစ်ခု

20 Nov 2019     1,649 Views


နာမည်ကြီး ကိုးရီးယား အဆိုတော် သရုပ်ဆောင် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေအိမ်မှာ မိမိကိုယ်မိမိ အဆုံးစီရင်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး မိသားစု၊ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သူမပရိတ်သတ်တွေအားလုံး ကြေကွဲဝမ်းနည်းခဲ့ကြပါတယ်။

Sulli သေဆုံးပြီးနောက် တောင်ကိုးရီးယား အစိုးရကနေပြီး အွန်လိုင်းမှာ အမုန်းစာသားရေးသားသူတွေကို cyberbully လုပ်တဲ့သဘောအနေနဲ့ တရားစွဲသွားလို့ရတယ်ဆိုတဲ့ ဥပဒေအသစ်တစ်ခု ပြဌာန်းလာပါတယ်။ အသစ်ထွက်ရှိတဲ့ ဥပဒေနာမည်ကို Sulli’s Law ဆိုပြီးပေးထားခဲ့ပါတယ်။

Sulli မသေဆုံးခင်က သူမအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို Jinri’s Store 2 ရဲ့ PD Kim Ji Ok က ထုတ်ဖော်ပြောကြားလာပါတယ်။

“Sulli က ကျွန်တော့်ကို ပြောတယ် အမျိုးသမီးတွေက ဘာလို့ သူတို့ရဲ့ လစဉ်သုံးပစ္စည်းတွေကို လူတွေ မမြင်အောင် ဖုံးကွယ်ထားဖို့ လိုအပ်တာလဲ၊ ဒါဟာ သဘာဝပဲ ဆိုပြီး ပြောခဲ့တယ်။ ဒီတစ်ခါ အစီအစဉ်မှာ  အမျိုးသမီးတွေအနေနဲ့ ဓမ္မတာနဲ့ ပတ်သတ်ပြီး ယုံကြည်ချက်ပိုရရှိဖို့ လစဉ်သုံး ထည့်တဲ့ အိတ်ကို ပလက်စတစ် အကြည်ရောင်နဲ့ ထုတ်မယ်ဆိုပြီး Sulli က စီစဉ်ထားခဲ့ပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

မသေခင် Sulli ဖြစ်သွားစေချင်တဲ့ ဆန္ဒလေးကတော့ အမျိုးသမီးတွေကို လူမှုပတ်ဝန်းကျင်မှာ ဒီထက်ပို ယုံကြည်မှုရရှိစေဖို့ပဲဖြစ်ပါတယ်။ တောင်ကိုးရီးယားဟာ အမျိုးသမီး ဝါဒီကို ဖိနှိပ်တတ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဆယ်လီ အနုပညာရှင်တွေတောင် အမျိုးသမီးဝါဒီနဲ့ ပတ်သတ်တဲ့ စာအုပ်မျိုးဖတ်မိရင်တောင် ဝေဖန်ရှုံ့ချ ခံရနိုင်တဲ့ နိုင်ငံမျိုးပဲဖြစ်ပါတယ်။

Sulli ရဲ့ နောက်ဆုံး ဆန္ဒကို ပရိတ်သတ် ကြားသိပြီးနောက်မှာတော့ ပူဆွေးဝမ်းနည်းကြောင်း အင်တာနက်မှာ ရေးသားလာကြပါတယ်။

“သူမမှာ နွေးထွေးတဲ့ နှလုံးသားရှိသလို သူများတွေကို ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာကိုလည်းကောင်းကောင်း နားလည်ထားတယ်”

“ငါတို့နိုင်ငံရဲ့ ယဉ်ကျေးမှုကိုက ဒီလိုဖြစ်နေတာ မိန်းမတွေက ဘာလို့ သူတို့ရဲ့ pads တွေကို လူမမြင်အောင် ဖုံးထားဖို့ လိုအပ်တာလဲ Sulli ပြောသလို ဒါက သဘာဝပဲကို”

“သူမလို လူမျိုးအတွက် ဒီနိုင်ငံက ကံကောင်းခြင်းတွေကို ဆောင်ယူမပေးခဲ့ဘူး” ဆိုပြီး အသီးသီး ရေးသားထားကြပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 

 


20 Nov 2019     1,649 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS