BEC-TERO TV

အုပ်စုနောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်ရှိလာတဲ့ မြန်မာအသင်း

20 Nov 2019     1,361 Views


၂၀၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေတဲ့ မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စုပွဲစဉ် နှစ်ပွဲဆက် အနိုင်ရရှိခဲ့တာကြောင့် အုပ်စုဒုတိယအနေဖြင့် အုပ်စုတက်နိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု (F) မှာ ဂျပန် ၊ တာဂျစ်ကစ္စတန် ၊ ကာဂျစ်ကစ္စတန် ၊ မွန်ဂိုလီးယား စတဲ့ အသင်းတွေနဲ့ ကျရောက်ခဲ့ပြီး အုပ်စုအဖွင့် ၃ ပွဲဆက်ရှုံးနိမ့်ခဲ့ပါတယ်။ ထို့နောက် နည်းပြ ရာဂျူလိုဗစ်ကို ထုတ်ပယ်ခဲ့ပြီး အရင်ကလက်တွဲဖူးတဲ့ အန်တွမ်နီဟေးနဲ့ ပြန်လည်လက်တွဲခဲ့ပြီး ၂ ပွဲဆက် နိုင်ပွဲရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ကာဂျစ္စတန် အသင်းကို ၄-၃ ဖြင့်လည်းကောင်း ၊ မွန်ဂိုးလီးယားအသင်းကို ၁-၀ လည်းကောင်း နိုင်ပွဲတွေရရှိခဲ့ပါတယ်။ မနေ့ကပွဲမှာ အုပ်စုတွင်း ပွဲစဉ်တွေဖြစ်တဲ့ ကာဂျစ္စတန် အသင်းနဲ့ တာဂျီကစ္စတန် တို့ ၁ဂိုးစီ သရေကျခဲ့တာကြောင့် မြန်မာ အသင်းနဲ့ ရမှတ်ကွာဟချက် ၁မှတ်သာရှိတော့တဲ့ အနေအထားကိုရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့် မြန်မာအသင်းဟာ အုပ်စုကနေ တက်နိုင်ဖို့ မျှော်လင့်ချက်တွေရှိလာပြီး နောက်လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ပြီး ပြိုင်ဘက်အသင်းတွေကသာ လက်ကျန်ပွဲစဉ်တွေမှာ မြန်မာအသင်းတွေထက် ရမှတ်လျှော့နည်းခဲ့ပါက အုပ်စုကနေ တက်ဖို အခွင့်အရေးမျှော်လင့် ချက်တွေရှိမှာ ဖြစ်ပါတယ်။

မြန်မာ အသင်းရဲ့ လက်ကျန်ပွဲစဉ်များ

Japan vs Myanmar

Myanmar vs Kyrgyzstan

Tajikistan Vs Myanmar

မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ဖို့ တခဲနက်အားပေးလိုက်ကြရအောင်လားဗျာ..


20 Nov 2019     1,361 Views




RELATED

Most Popular of Football

Most Popular of Sport