BEC-TERO TV

လေယာဉ်မှူးအယောင်ဆောင်ပြီး TikTok မှာ ဗီဒီယိုတွေတင်သူ ဖမ်းဆီးခံရ

22 Nov 2019     1,846 Views


အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လေယာဉ်မှူးဝတ်စုံအပြည့်ဝတ်ဆင်လျှက် လေဆိပ်အတွင်းရှိ ကောင်တာများနဲ့ လုံခြုံရေးစစ်ဆေးရာနေရာများကို ဖြတ်ကျော်ပြီးနောက် ကလက္ကတားသို့ ထွက်ခွာမည့် လေယာဉ်ပေါ်တက်ရန် ကြိုးစားစဉ် နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသည်။

CNN သတင်းတွင် ဖော်ပြချက်အရ ‘ရာဂျန်’ ဆိုသူအမျိုးသားဟာ လေယာဉ်မှူးဝတ်စုံနဲ့တကွ သက်သေခံကဒ်ပြားအတုကိုပါ ကိုင်ဆောင်ထားပြီး ယင်းကဒ်ပြားကို အသုံးပြုကာ လေဆိပ်ကားပါကင်ကိုလည်း အကြိမ်ကြိမ် အသုံးပြုခဲ့ကြောင်း သိရသည်။ သူဟာ ဂျာမန်လေကြောင်းလိုင်း Lufthansa Airlines မှ လေယာဉ်မှူးအယောင်ဆောင်ထားခဲ့ခြင်းဖြစ်သည်။ ခရီးသည်တစ်ဦးဟာ လေယာဉ်မှူးအယောင်ဆောင်ထားကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သတင်းပို့ခဲ့ပြီးနောက် လေဆိပ်လုံခြုံရေးတွေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရခြင်းဖြစ်သည်။

‘ရာဂျန်’ က အခြားခရီးသည်တွေနည်းတူ ကောင်တာမှာ တန်းမစီချင်တာကြောင့်ဖြစ်ပြီး လုံခြုံရေးဂိတ်များ ဖြတ်သန်းရာတွင်လည်း လွယ်ကူတဲ့အတွက် အခုလို ဟန်ဆောင်ရတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ယူနီဖောင်းနဲ့ သူ့ကိုယ့်သူ ဗီဒီယိုရိုက်ပြီး YouTube နဲ့ TikTok တွေပေါ်တင်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ လေယာဉ်မှူးကဒ်ပြားအတုကိုတော့ ထိုင်းနိုင်ငံကနေ ရခဲ့တာဖြစ်ပါတယ်။

လေဆိပ်လုံခြုံရေးအာဏာပိုင်တွေက သူ့ရဲ့အကြောင်းကို ထပ်မံစုံစမ်းရာမှာ ‘ရာဂျာ’ ကို အခြားယူနီဖောင်းတစ်မျိုးနဲ့ ဖော်ပြပါပုံတွေကို ထပ်မံတွေ့ခဲ့ရပါတယ်။

‘ရာဂျာ’ ဟာ အယောင်ဆောင်မှုအတွက် အမှုရင်ဆိုင်နေရပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်ဖွယ်ရာရှိနေပါတယ်။


22 Nov 2019     1,846 Views




RELATED

Most Popular of Special or Others

Most Popular of NEWS