BEC-TERO TV

ဝီစကီရောင်းချမှုတစ်နှစ်ပြည့်အဖြစ် ဒေါ်လာ (၁) သန်းလှူဒါန်းသွားမယ့် မက်ဂရီဂေါ်

25 Nov 2019     3,874 Views


နာမည်ကြီး UFC ဖိုက်တာကြီး မက်ဂရီဂေါ်ဟာ ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ် "Proper Np.12" အမည်ဖြင့် ဝီစကီထုတ်လုပ်ရောင်းချမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကန် ဒေါ်လာ (၁) သန်းလှူဒါန်းသွားမယ်လို့ သိရပါတယ်။

မက်ဂရီဂေါ်က သူရဲ့ ဝိုင်တစ်ပုလင်းရောင်းချတိုင်း ၅ ဒေါ်လာ လှူဒါန်းသွားမှာဖြစ်ပြီး တစ်နှစ်အကြာမှာ ဒေါ်လာ တစ်သန်းပြည့်သွားခဲ့တယ်ဆိုပါတယ်။ "Proper Np.12" ဝီစကီထုတ်လုပ်ရောင်းချခြင်းမှုမှာ တစ်နှစ်အတွင်း အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံပေါင်း (၈) နိုင်ငံအထိ စျေးကွက် ဖြန့်ချဲ့ နိုင်ခဲ့ကာ ဒေါ်လာ (၁၀) သန်းဝန်ကျင်အထိ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

မက်ဂရီဂေါ်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက ခါဘစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ထိုးသတ်ပွဲတွေ ခဏနားထားပြီး ပထမဆုံးအဖြစ် ၂၀၂၀ ဇန်နဝါရီတွင် UFC ပြိုင်ပွဲ ထိုးသတ်မယ်လို့ သိရပါတယ်။ ပြိုင်ဘက်ဟောင်းကြီး ခါဘစ်နဲ့လည်း မကျေပွဲ ထိုးသတ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပြီး သူဘက်ကတော့ အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။


25 Nov 2019     3,874 Views




RELATED

Most Popular of Boxing

Most Popular of Sport