BEC-TERO TV

ရီးရဲလ်အသင်းဆီကို ခေါ်ယူချင်တဲ့ ကစားသမားတစ်ဦးအမည်ကို ပြောဆိုခဲ့တဲ့ ဟာဇက်

25 Nov 2019     1,361 Views


ရီးရဲလ်မက်ဒရစ် ကစားသမား အီဒင်ဟာဇက်ဟာ  ပီအက်စ်ဂျီ အသင်းကြယ်ပွင့် ကစားသမား အမ် ဘတ်ပီကို ခေါ်ယူနိုင်ဖို့ မျှောလင့်နေပြီး အသင်းမှာ အတူကစားလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့ ရာသီကမှ ပေါင် သန်း(၁၀၀)နဲ့ ချဲလ်ဆီးအသင်းကနေ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး သွင်းဂိုးတွေ ရရှိဖို့ ရုံးကန်နေပါတယ်။ဒါပေမယ့် ကွင်းအတွင်းမှာ ပုံစံကောင်းပြသနိုင်ခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး အသင်းကလည်း နိုင်ပွဲတွေရရှိနေပါတယ်။

ဟာဇက်ဟာ က ‘ အမှန်တိုင်းပြောရရင် ဘတ်ပီကို ရီးရဲလ်မက်ဒရစ်ကို ခေါ်ချင်ပါတယ်။ သူဟာ လာမယ့် နှစ်အနည်းအတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒီခေတ်မှာ အလားအလာအများကြီး ရှိတဲ့  အရေးအသွေးမြင့် ကစားသမားတွေ အများကြီးရှိပေမယ့် ဘတ်ပီကတော့ ဒီပုံစံအတိုင်းသာ ဆက်ထိန်းထားရင် ဘောလုံးသမားမှာ အကောင်းဆုံးကစားသမား ဖြစ်လာနိုင်တယ်လို့ ’ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် မရှိမဖြစ် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ရော်နယ်ဒို ၊ မက်စီ တို့မရသေးတဲ့ ကမ္ဘာ့ဖလား ဆုဖလားကြီးကိုလည်း ပြင်သစ်အသင်းနဲ့အတူ ကိုင်မြောက်နိုင်ခဲ့ပါတယ်။

 

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ သွင်းဂိုးတွေ မသွင်းယူနိင်သေးတာနဲ့ ပါတ်သတ်ပြီး ‘ကျွန်တော် ရော်နယ်ဒိုလို့ သွင်းဂိုးတွေအများကြီး ရအောင် မစွမ်းဆောင်နိုင်ဘူး။ သေချာပါတယ် ကျွန်တော် အဲလိုမျိုး လုပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ’ လို့ပြောကြားသွားခဲ့ပါတယ်။


25 Nov 2019     1,361 Views




RELATED

Most Popular of Football

Most Popular of Sport