BEC-TERO TV

ဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့ မျှော်မှန်းထားတဲ့ မြန်မာ အမျိုးသမီးဘောလုံးအသင်း

25 Nov 2019     1,578 Views


ဖီလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်တဲ့ အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ့ အမျိုးသမီးဘောလုံး အုပ်စု(က)တွင်  ဖိလစ်ပိုင်၊မလေးရှားအသင်း တို့နဲ့ တွေ့ဆုံနေပါတယ်။

မြန်မာ အမျိုးသမီးနည်းပြ ဦးဝင်းသူမိုးက ယခုကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအသင်းဟာ အနည်းဆုံး ဖိုင်နယ်အထိတက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


မြန်မာအမျိုးသမီး နည်းပြချုပ် ဦးဝင်းသူမိုး က ‘AFF ပြိုင်ပွဲအပြီးမှာ ၂လကျော်ပြင်ဆင်မှုရပါတယ်။ ပြိုင်ပွဲကြိုကာလမှာ အကောင်းဆုံးပြင်ဆင်ထားပြီး စိတ်ဓာတ်အမြင့်ဆုံးမှာ ရောက်နေပါပြီ။

အိမ်ရှင်ဖိလစ်ပိုင်အသင်းက တိုးတက်လာတဲ့အသင်းဖြစ်ပြီး အိမ်ရှင်အားသာချက်ရှိပါတယ်။ အဖွင့်ပွဲစဉ်ကိုအကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ဒီပြိုင်ပွဲမှာ ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။’ ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆:၃၀ အချိန်မှာ အိမ်ရှင်ဖီလစ်ပိုင်အသင်းနဲ့ အုပ်စုအဖွင့်ပွဲ စတင်ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ  ပြီးခဲ့တဲ့ ၂၀၁၉ ဩဂုတ်အတွင်းက AFF Women Championship ပြိုင်ပွဲမှာ တွေ့ဆုံးထားခဲ့ပြီး မြန်မာအသင်းက ၃-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။


25 Nov 2019     1,578 Views




RELATED

Most Popular of Football

Most Popular of Sport