BEC-TERO TV

အုပ်စုအဖွင့်ပွဲစဉ်တွင် မလေးရှားအသင်းကို သရေရလဒ်သာ ထွက်ပေါ်ခဲ့တဲ့ မြန်မာ

25 Nov 2019     1,318 Views


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ အကြိမ် (၃၀) မြောက်  ဆီးဂိမ်းပြိုင်ပွဲ (ဘောလုံး) အားကစားတွင် အဖွင့်ပွဲစဉ်အဖြစ်  မြန်မာအသင်းနဲ့ မလေးရှား အသင်းတို့ ကစားခဲ့ကြပြီး သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ဒါကြာင့် နောက်ပွဲတွေမှာ အနိုင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို မြန်မာအသင်းနောက်ခံလူ စိုးမိုးကျော်က ပွဲချိန် (၁၃) မိနစ်မှာ သွင်းယူပေးခဲ့ပြီး မလေးရှားအသင်းအတွက် ချေပဂိုးကို ဟာဒီဖိုင်ယက်(၂၃) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်ဖက်အသင်းစလုံး အမှားအယွင်းနည်းဖို့ ကြိုးစားကြရင်နဲ ၁-၁ ဖြင့်သာ ပြီးဆုံးခဲ့ပါတယ်။

မြန်မာအသင်းနှင့် မလေးရှားအသင်းဟာ၂၀၀၁ ပြိုင်ပွဲတွင် တစ်ကြိမ်၊ ၂၀၀၃ ပြိုင်ပွဲတွင် နှစ်ကြိမ်၊ ၂၀၁၁ ပြိုင်ပွဲတွင် တစ်ကြိမ်၊ ၂၀၁၇ ပြိုင်ပွဲတွင် တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ငါးကြိမ်စလုံး မလေးရှားအသင်းက အနိုင်ရထားပါတယ်။

မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင် ၊ မလေးရှား ၊ ကမ္ဘောဒီးယား၊ ကမ္ဘောဒီယားနှင့်တီမော တို့ပါဝင်တဲ့ အုပ်စုတွင် ကျရောက်နေပါတယ်။ နောက်ပွဲမှာ အိမ်ရှင် ဖီလစ်ပိုင်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

images; eleven


25 Nov 2019     1,318 Views




RELATED

Most Popular of Football

Most Popular of Sport