BEC-TERO TV

ကာရာဘောင်းဖလား ပွဲစဉ်ကို U-23 နည်းပြ Neil Critchley က ကိုင်တွယ်သွားမယ့်လို့ အတည်ပြုလိုက်တဲ့ လီဗာပူးလ်

26 Nov 2019     1,335 Views


လီဗာပူးလ်အသင်းဟာ လာမယ့် ကာရာဘောင်းဖလား ကွာတာဖိုင်နယ်ပွဲစဉ်ကို နည်းပြ ဂျာဂျင်ကလော့ ကိုယ်တိုင် ကိုင်တွယ်သွားမှာ မဟုတ်ဘဲ လီဗာပူးလ် U-23 နည်းပြ Neil Critchley က ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကို အနိုင်ယူပြီး တက်ရောက်လာတဲ့ လီဗာပူးလ်အသင်းဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက် ၂၄ နာရီ အတွင်းမှာတင် ကမ္ဘာ့ကလပ်ဖလား ပွဲစဉ်အဖြစ်ဆက်လက် ကာတာနိုင်ငံတွင် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် နည်းပြချုပ် ဂျာဂျင်ကလော့က ကစားသမားတွေကို အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်စေဖို့ ဆုံးဖြတ်စေခဲ့တာ ဖြစ်ပါတယ်။

ကလော့ဟာ ကမ္ဘာ့ကလပ်ဖလားပွဲစဉ်အတွက် စီနီယာကစားသမား အများစုကို ခေါ်ဆောင်သွားဖို့ရှိနေပြီး ပြည်တွင်းဖလားပွဲစဉ်ကိုတော့ နည်းပြ Neil Critchley ကို လွဲအပ်ကာ အရံကစားသမားတွေနဲ့ လူငယ်တွေကို နေရာပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

နည်းပြ ဂျာဂျင်ကလော့ ရဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ပါဝင်ယှဉ်ပြိုင်နေရာပြီး ကစားသမားတွေ ပွဲပန်းမှုမခံစားစေရဖို့ အဓိထား စီမံနေရာတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာမှ လက်စတာအသင်းကို အမှတ်ဖြတ်ကာ ဦးဆောင်နေပြီး ချန်ပီယံလိဂ်မှာလည်း ရမှတ် (၉) မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်လျက်ရှိပါတယ်။

Mirror


26 Nov 2019     1,335 Views




RELATED

Most Popular of Football

Most Popular of Sport