BEC-TERO TV

မီဒီယာစင်တာ(မန္တလေး)ဖွင့်လှစ်

17 Sep 2015     1,290 Views


မန္တလေးမြို့အခြေစိုက်သတင်းမီဒီယာသမားများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး မီဒီယာစင်တာ(မန္တလေး)ကိုစက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ချမ်း အေးသာစံမြို့နယ် ၇၂လမ်းနဲ့ ၇၃လမ်းကြား သရဖီလမ်းသွယ်မှာဖွင့်လှစ်ခဲ့ပါတယ်။ မီဒီယာစင်တာ(မန္တလေး)ဟာ International Media Support(IMS)ရဲ့အဓိကပံ့ပိုးကူညီ မှုနဲ့ မန္တလေးမြို့မှာပထမဦးဆုံးဖွင့်လှစ်တဲ့သတင်းမီဒီယာသမားများဆုံစည်းရာ၊ သတင်း အချက်အလက်မျှဝေရာ၊ နယ်ဝေးမှသတင်းသမားများခရီးတထောက်နားနေရာ နေရာ တစ်ခုဖြစ်ပါတယ်။မီဒီယာစင်တာမှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်းရွေးကောက်ပွဲနဲ့ပတ် သက်တဲ့အကြောင်းအရာများ၊ ဥပဒေရေးရာကိစ္စရပ်များ၊ သတင်းသမားများလိုက်နာရ မယ့်ကျင့်ဝတ်များအကြောင်းကိုစကားဝိုင်းများပြုလုပ်လျက်ရှိပြီးသက်ဆိုင်ရာနယ်ပယ်အသီးသီးကပညာရှင်တွေကိုဖိတ်ကြားပြီးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်စီစဉ်လျက်ရှိတယ် လို့သိရပါတယ်။


17 Sep 2015     1,290 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS