BEC-TERO TV

ပြိုင်ပွဲဝင် ကစားသမားတွေအပေါ် ဧည့်ဝတ်မကျခဲ့တဲ့ ဖီလစ်ပိုင် (၂၀၁၉) ဆီးဂိမ်း

26 Nov 2019     1,428 Views


ဖီလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်တဲ့ အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အိမ်ရှင်နိုင်ရဲ့ ဧည့်ဝတ်မကျေမှုတွေကြောင့် ပြိုင်ဝင်လာရောက်ယှဉ်ပြိုင်တဲ့ အာဆီယံနိုင်ငံအသီးသီးမှ အားကစားသမားတွေနဲ့ အဖွဲ့ဝင်တွေရဲ့ ဝေဖန်သံတွေကို  ကြားခဲ့ရပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုတွေကြောင့် လာရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေဟာ အစားအစာပြတ်လပ်မှု ၊ သယ်ယူပို့​​ဆောင်ရေး ၊ ဟိုတယ် စတဲ့ ပြသာနာတွေရှိခဲ့ပြီး စင်ကာပူအားကစားအဖွဲ့ တာဝန်ရှိသူ ဂျူလီယာနာစီအိုက ဖိလစ်ပိုင်ဆီးဂိမ်းပွဲကျင်းပရေးကော်မတီရဲ့ လုပ်ငန်းလည်ပတ်ရေးအကြီးအကဲ ရာမွန်ဆူဇာရာထံကို စာတစ်စောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ရာမွန်ဆူဇာရာကို စာတစ်စောင် ရေးသားပေးပို့ခဲ့တဲ့ စာအကြောင်းအရာမှာ ‘ဆီးဂိမ်းကို လာရောက်ယှဉ်ပြိုင်တဲ့ စင်ကာပူအားကစားသမားတွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ အစားအစာမလုံလောက်မှုတွေနဲ့ သယ်ယူပို့ဆောင်ရေး ပြသာနာတွေရှိနေတယ်.။

ပြိုင်ပွဲဝင်ကစားသမားတွေအတွက် အခက်အခဲဖြစ်နေတာမျိုး အဖြစ်မခံနိုင်ပါဘူး။ ဒါတွေကို စိတ်ရှည်သည်းခံပေးဖို့ ကြိုးစားပေမယ့် သည်းမခံနိုင်တဲ့အဆုံး စာရေးတင်ရခြင်းဖြစ်ပါတယ်။ ဒါတွေကို အရေးတကြီး စုံးစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ် ’ လို့ရေးသားခဲ့တာဖြစ်ပါတယ်။

စင်ကာပူအားကစားသမားတွေဟာ အစားအစာတွေစားနေရင် ကုန်သွားတဲ့အတွက် ပြင်ပမှ အစားအသောက်တွေကို ဝယ်ယူစားသုံးခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာဘောလုံးအသင်းနှင့် တီမော ဘောလုံးအသင်းဟာဆိုရင်လည်း အလာတူပြသာနာတွေရှိခဲ့ပြီး လေဆိပ်ကိုဆိုက်ရောက်ချိန်က လာကြိုမယ့် ဘက်စ်ကားကို အချိန်အကြာကြီးစောင့်ခဲ့ရပြီး ကားသေးသေးလေးနဲ့ လာကြိုတာကြောင့် စိတ်ချမ်းသာစွာ မရှိခဲ့ဘူးလို့ သိရပါတယ်။ တီမောအသင်းသားတွေကိုလည်း ဟိုတယ် မှာယွင်းပို့ဆောင်ခဲ့တာကြောင့် အချိန်လစ်ဟင်းမှုတွေ ရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားဘောလုံးအသင်း ကစားသမားတွေဟာ ဆိုရင်လည်း တည်းခိုဖိုအတွက် ဟိုတယ်ကိစ္စတွေ အဆင်မပြေမှုတွေကြောင့် အားကစားလေ့ကျင့်ရေးခန်းမအတွင်းမှာတင် အိပ်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုသံတွေလည်း ကြားခဲ့ရပါတယ်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းနဲ့ မလေးရှားပွဲစဉ်ပွဲအပြီးမှာလည်း နားနေခန်းအဆင်မပြခြင်းတို့ကြောင့် ပွဲပြီးပြီးချင်း ခဏအကြာမှာတင် ကွင်းအတွင်းကနေ ထွက်ခဲ့ရပါတယ်။

ဖီလစ်ပိုင် ဆီးဂိမ်း ပွဲစီစဉ်တဲ့ အဖွဲ့အစည်း က ((PHISGOC))ကတော့ သူတို့ရဲ့ ဧည့်ဝတ်မကျခဲ့တဲ့ ညံ့ဖျင်းမှုတဲ့ ဝန်ဆောင်မှုတွေအတွက် တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

 


26 Nov 2019     1,428 Views




RELATED

Most Popular of Football

Most Popular of Sport