BEC-TERO TV

အစားအသောက်အဆင်မပြေမှုကြောင့် ဒုက္ခရောက်နေကြရတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း

26 Nov 2019     1,420 Views


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းများ အစားအသောက်အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ဖီလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်နေပြီး အစားအသောက် အဆင်မပြေမှုကြောင့် ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ် MFF ဟာ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းများ အစားအသောက်အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ။ 

 

'' ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အမျိုးသားရော အမျိုးသမီး (၂)သင်းစလုံး အစားအသောက်အဆင်ပြေအောင် အဖွဲ့ချုပ်က ချက်ကျွေးမှာပါ။ နိုဝင်ဘာ (၂၆)ရက်ကစပြီး ပြိုင်ပွဲပြီးတဲ့အထိ ကိုယ်ပိုင်အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာပါ''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ ပြောကြားခဲ့ပါတယ်။

မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ တည်းခိုသည့် ဟိုတယ် (၂) ခုမှာ (၄၉) ကီလိုမီတာ ကွာဝေးပြီး (၁) နာရီနီးပါးကြာမြင့်တယ်လို့ သိရပါတယ်။

မြန်မာ့အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ‘သူတို့ကျွေးတဲ့ အစားအသောက်က ကျွန်တော်တို့ ဘယ်လိုမှ စားလို့အဆင်မပြေပါဘူး။ ဘူဖေးကျွေးပေမယ့် အစားအသောက်က စားလို့အဆင်မပြေတာပါ။ အစားအသောက်အဆင်မပြေတာက ကျွန်တော်တို့တင် မဟုတ်ပါဘူး။ တခြားအသင်းတွေလည်း ဒီလိုပါပဲ။ ထိုင်းတို့၊ မလေးရှားတို့ကတော့ ကိုယ်ပိုင်အစီအစဉ်နဲ့ ကျွေးနေပါပြီ။ ကျွန်တော်တို့ကိုလည်း MFF က နိုဝင်ဘာ (၂၆) ရက်ကစပြီး နေ့လယ်စာရော ညစာပါ စီစဉ်ပေးမယ်ဆိုတော့ အဆင်ပြေသွားပါပြီ ’ ပြောကြားခဲပါတယ်။

မြန်မာ အမျိုးသမီးဘောလုံးအသင်းဟာ ယနေ့ညနေ ၆ နာရီခွဲအချိန်မှာ အိမ်ရှင် ဖီလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။


26 Nov 2019     1,420 Views




RELATED

Most Popular of Football

Most Popular of Sport