BEC-TERO TV

နှလုံးတွေပါ တုန်ခါထွက်သွားမယ့် သင်ဇာ၊ လုလုနဲ့ ရွှေအိမ်စည်တို့ရဲ့ အလန်းစားကြော်ငြာကြီး

26 Nov 2019     3,606 Views


အနုပညာလောကရဲ့ နယ်ပယ်အသီးသီး အလွှာအမျိုးမျိုးမှာ အလှအပနဲ့ပတ်သက်ပြီး နာမည်ကြီးထူးခြားသူတွေများစွာရှိပါတယ်။ တစ်ချို့ကရုပ်ရည်ပိုင်းမှာ ချောမောလှပလို့ နာမည်ကြီးသလို တစ်ချို့က လှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားလို့ နာမည်ကြီးကြပါတယ်။

ထိုထဲကမှ သင်ဇာဝင့်ကျော်၊ လုလုအောင်နဲ့ ရွှေအိမ်စည်တို့ကတော့ လူကြိုက်များပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်သလို ရုပ်ရည်သာမက Sexy ကျပြီး ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိသူတွေဖြစ်တာကြောင့်အားလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်စားနာမည်ကြီးသလို ယောကျာ်းထုကြီးက အခိုင်အမာဝန်းရံအားပေးနေကြသူတွေပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သင်ဇာကတော့ သရုပ်ဆောင်အဖြစ် အဓိကလုပ်ကိုင်နေသူဖြစ်ပြီး လုလုအောင်ကတော့ Sexy model လောကမှာ နာမည်ကြီးသူပါ။ Miss တစ်ယောက်လဲဖြစ် မော်ဒယ်သရုပ်ဆောင်လဲဖြစ်တဲ့ ရွှေအိမ်စည်ကတော့ သူမရဲ့ခပ်ချေချေမျက်နှာထားနဲ့ Sexy ကျတဲ့ သူမရဲ့အလှကြောင့် နာမည်ကြီးသူပါ။ ယခုလိုမျိုး ပုရိဿတွေရဲ့အသဲကျော် အနုပညာရှင်သုံးယောက်ကတော့ ကြော်ငြာတစ်ခုမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ သင်ဇာ၊ လုလုနဲ့ အိမ်စည်တို့သုံးယောက်က မြန်မာ့ဩဘာ သဘာ၀ဓာတ်မြေဩဇာကြော်ငြာကို အတူတူရိုက်ကူးခဲ့ကြတာပါ။

သိပ်မကြာခင်ကပင် သုံးယောက်အတူတူကြော်ငြာရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို ပြန်လည်မျှဝေခဲ့စဉ်အချိန်ကတည်းက ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေခဲ့တာပါ။ ဒီနေ့မှာတော့ အားလုံးစောင့်စားနေတဲ့ Sexy မမ သုံးယောက်ရဲ့ ကြော်ငြာကထွက်ရှိလာခဲ့ပါပြီ။

ဓာတ်ပုံ-၀ဏ္ဏခွာနီးရိုက်ကူးထားပြီး ထွန်းထွန်း၊ သင်ဇာ၊ လုလုနဲ့ အိမ်စည်တို့ ရိုက်ကူးထားတဲ့ မြန်မာ့ဩဘာ သဘာ၀ဓာတ်မြေဩဇာကြော်ငြာကတော့ တကယ့်ကို အလန်းစား အမိုက်စားပုံစံနဲ့ရိုက်ကူးထားတာပါ။ အလှပဂေးမမသုံးယောက်နဲ့ ထွန်းထွန်းရဲ့ အလန်းစားသရုပ်ဆောင်ချက်ကြီးကြောင့် ပရိသတ်တွေကြား ပြောစမှတ်ဖြစ်နေတဲ့ မြန်မာ့ဩဘာကြော်ငြာကို ဖော်ပြပေးလိုက်ပါတယ်…..

 

(ပိုပိုလေး)


26 Nov 2019     3,606 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment