BEC-TERO TV

နောက်ထပ်ကစားမယ့် အသင်းကို ဖော်ပြလိုက်တဲ့ ဇလာတန် အီဘရာဟီမိုဗစ်

27 Nov 2019     1,345 Views


ဥရောပအသင်းကြီးတွေမှာ ကျင်လည်ခဲ့တဲ့ နာမည်ကျော် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ လပိုင်းက LA Galaxy အသင်းနဲ လမ်းခွဲခဲ့ပြီး နောက်ထပ်ကစားမယ့် အသင်းတစ်သင်းကို ရှာဖွေတွေ့ခဲ့ပြီလို့ သိရပါတယ်။

အသက် (၃၈) နှစ်အရွယ်ရှိ ဇလာတန် အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့ အသင်းဟောင်းတွေဖြစ်ကြတဲ့ မန်ယူ အေစီမီလန် တို့အပြင် မော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးအသင်းတို့က စိတ်ဝင်စားမှုရှိခဲ့ပြီး ဇလာတန် ဘယ်အသင်းကို ပြောင်းမလဲဆိုတာ ပရိတ်သတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်။
 

နောက်ဆုံးမှာတော့ ဇလာတန်ဟာ သူရဲ့ မိခင်နိုင်ငံရဲ့ ကလပ်အသင်းဖြစ်တဲ့ ဟမ်မာဘီအသင်းဂျာစီနဲ့ အင်စတာဂရမ်မှာ ပုံတင်ခဲ့ပြီး သူနောက်ထပ် ကစားမယ့်အသင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဟမ်မာဘီအသင်းရဲ့Official Twitter အကောင့်နာမည်ကိုလည်း Tag လုပ်ခဲ့ပြီးတော့ ဖော်ပြခဲ့လို့ အဆိုပါအသင်းမှာ ကစားဖို့ သေချာသလောက်ရှိပြီလို ဆိုလို့ရပါတယ်။

ဆီဒင်လိဂ်မှာ ဟမ်မာဘီအသင်းဟာ အမှတ်ပေးဖလားဆွတ်ခူးနိုင်ဖို့ ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး လက်ရှိမှာ အဆင့် (၃) နေရာမှာ ရပ်တည်နပါတယ်။ အသင်းဟောင် မယ်လ်လိုအသင်းနဲ့လည်း အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ဇလာတန် နောက်ဆုံးကစားခဲ့တဲ့ LA Galaxy အသင်းမှာ ၅၈ ပွဲကစားပြီး ၅၃ ထိသွင်းယူနိုင်ခဲ့တာကြောင့် သူဟာ အခုထိမကျသေးဘဲ သွင်းဂိုးတွေ သွင်းယူဖို့ ဆာလောင်နေတဲ့ သားကောင်တစ်ကောင်းလို့ မှတ်ယူလို့ ရပါတယ်။

 


27 Nov 2019     1,345 Views




RELATED

Most Popular of Football

Most Popular of Sport