BEC-TERO TV

ထောင့်ဖြတ်ကနေ မဖြစ်နိုင်ဘူးထင်ရတဲ့ ဖရီးကစ်ကို သွင်းယူပြခဲ့တဲ့ ဒိုင်ဘာလာ

27 Nov 2019     1,397 Views


မနေ့ညက ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ အက်သလက်တီကို အသင်းကို ၁-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူး ရော်နယ်ဒို လည်း ပွဲထွက်ပါဝင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဒိုင်ဘာလာ ကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ဘာလာရဲ့ ဖရီးကစ်သွင်းဂိုးဟာ အလွန်ပြောင်မြောက်ခဲ့ပြီး ထောင့်ဖြတ် အနေအထားကနေ တစ်ဖက်ခံစားကစားသမားတွေရော  ၊ ဂိုးသမား ပိတ်ဆို့ကာကွယ်တဲ့ အနေအထားကနေ ဘယ်ခြေဖြင့် တိတိကျကျ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒိုင်ဘာလာက ‘ ကျွန်တော်တို့အသင်းသားတွေအားလုံး ပထမပိုင်းမှာ အကောင်းဆုံး ကစားထားနိုင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့အတွက် အရမ်းပျော်ရွင်မိပါတယ်။ ဖရီးကစ်က ကန်ရခက်ခဲတဲ့ အနေအထားကနေ ကန်ခဲ့ရတာဖြစ်ပေမယ့် ရသွားတဲ့ သွင်းဂိုးက အင်မတန် ကောင်းတဲ့ သွင်းဂိုးတစ်သွင်းဂိုးဖြစ်ပါတယ်။ ’ လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်း နည်းပြဆာရီက ‘ဒိုင်ဘာလာဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့နေရတာ ကျေနပ်မိပါတယ် ’ လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒိုင်ဘာလာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ပိုမိုရရှိခဲ့ပြီး ဂိုးတွေသွင်းယူထားနိုင်ခဲ့ပါတယ်။  

ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ အက်သလက်တီကို အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ရမှတ်(၁၃) မှတ် အုပ်စုပထမနေရာမှ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


27 Nov 2019     1,397 Views




RELATED

Most Popular of Football

Most Popular of Sport