BEC-TERO TV

အိမ်ရှင် ဖိလစ်ပိုင်အသင်းကို နောက်ကျသွင်းဂိုးနဲ အနိုင်ယူခဲ့တဲ့ မြန်မာယူ-၂၂

27 Nov 2019     1,457 Views


ဖိလစ်ပိုင်နိုင်ငံက ကျင်းပပြုလုပ်နေတဲ့ အကြိမ် (၃၀) မြောက် ဆီးဂိမ်း(ဘောလုံး) ပြိုင်ပွဲ မှာမြန်မာအမျိုးသားယူ-၂၂ အသင်းဟာ အုပ်စု A ရဲ့ ဒုတိယမြောက် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဖိလစ်ပိုင်အမျိုးသားယူ-၂၂ အသင်းနဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၁ ဖြင့်  အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ရှေ့တန်းမှာ အောင်ကောင်းမာန် ၊ ကွင်းလယ်မှာ လှိုင်းဘိုဘို (အသင်းခေါင်းဆောင်)၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ ထက်ဖြိုးဝေ နောကတန်းအတွဲမှာ - ရဲမင်းသူ၊ စိုးမိုးကျော်၊ ရဲရင့်အောင်၊ အောင်ဝဏ္ဏစိုး ပါဝင်လာခဲ့ပြီး ဂိုးသမား ဆန်းဆက်နိုင် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

မြန်မာအသင်းဟာ ပွဲအစမှာ ကစားပုံကောင်းမွန်ခဲ့ပြီး ဖိလစ်ပိုင်းခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး ဖိလစ်ပိုင်အသင်းကလည်း ရံဖန်ရံခါ တိုက်စစ်ဆင် ဖိအားပေးထားနိုင်တာကို တွေ့ရပါတယ်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး အောင်ကောင်းမာန်က ကပွဲချိန် (၁၆) မိနစ်မှာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ဖိလစ်ပိုင်းအသင်းရဲ့ တိုက်စစ်ဆင်မှုကို ထိန်းချုပ်ကစားနေရင်းကနေ အချိန်ပိုမိနစ်မှာ ဖိလစ်ပိုင် ကစားသမား နှစ်ဦး အတိုင်အဖောက်ညီညီ ချပေးမှုကနေ နောက်ခံလူတွေ လူကပ်အားနည်းမှုကြောင့် ပွဲချိန်(၄၅)မိနစ်မှာ ဖိလစ်ပိုင်တိုက်စစ်မှူး ဂျက်စတင်ဘာအက်စ်က မြေမကျကန်သွင်းခဲ့ကာ ချေပဂိုးပြန်လည်ခွင်ပြုခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဖိလစ်ပိုင်းအသင်းဟာ မြန်မာအသင်းကို ပိုမိုဖိအားပေးကစားထားနိုင်ခဲ့ပြီး ဂိုးပေးရနိုင်တဲ့ အနေအထားတွေထိ ရှိခဲ့ပေမယ့် ကံကောင်းလို့သာ ဂိုးမပေးရတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းခေါင်းဆောင် ရှရွတ်ဟာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မြန်မာအသင်း နောက်တန်း ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ကစားအားကျလာတဲ့ အောင်အောင်မာန်နေရာမှာ ဝင်းနိုင်ထွန်း လူစားဝင်ရောက်ပါတယ်။ ဝင်နိုင်ထွန်း ဝင်လာပြီးနောက်ပိုင်း မြန်မာအသင်းဟာ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ကစားခဲ့တာကို တွေ့ရပါတယ်။

မြန်မာအသင်းဟာ လူစားလဲတာ မှန်ကန်ခဲ့ပြီး မြတ်ကောင်းခန့်ရဲ့ ပေးပို့မှုကနေ ၈၇ မိနစ်မှာ ဝင်နိုင်ထွန်းက ဒုတိယမြောက်သွင်းဂိုးကို သွင်းယူ​ နိုင်ခဲ့ပါတယ်။ ပွဲချိန်(၈၈) မိနစ်မှာ ဝင်နိုင်ထွန်းဟာ အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူနိုင်ဖို့ အခွင့်အရေးကို ရခဲ့ပေမယ့် ကောင်းကောင်း အသုံးမချနိုင်ခဲ့တာတွေ့ ရပါတယ်။

မြန်မာအသင်းဟာ အုပ်စု A  ပွဲစဉ်(၁) မှာ မလေးရှားအသင်းနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အိမ်ရှင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့တဲ့အတွက်ကြောင့် နှစ်ပွဲကစားထားပြီး ရမှတ် (၄) မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။


27 Nov 2019     1,457 Views




RELATED

Most Popular of Football

Most Popular of Sport